Ch-213

827 105 1
                                    

အခန်း (၂၁၃) "သူမသည် မိန်ဖန့်ရဲ့ ဘော့စ် ဖန့်ကျွင်းရုံ၏ သမီး ဖြစ်သည်" (၂)

စာရေးသူ - Zhái Miāo (宅喵)

ဘာသာပြန်သူ - No Noe ( Miracle_Phyu97)

မျှော်လင့်ထားသလိုပင် သူ့တင်လိုက်သည့် အချက်အလက်တွေနဲ့တူ အင်တာနက် အသုံးပြုသူတွေ ကုန်းယိလင်းရဲ့ အထောက်အထားတွေကို မကြာခင်မှာပဲ တွေ့ရှိခဲ့ကြသည်။ City Sတက္ကသိုလ်မှ ကျောင်းသားအချို့က ရှေ့ထွက်လာခဲ့ကြကာ ကုန်းယိလင်းသည် လီရှင်းယွင်အား ပိုးပန်းရန် ကြိုးစားခဲ့သော်လည်း မအောင်မြင်ခဲ့ကြောင်း လူကိုယ်တိုင် သက်သေထွက်ဆိုခဲ့သည်။ သူသည် မိန်းကလေးကို ပိုးပန်း၍ မရသောကြောင့် ဒီအရှုပ်အထွေးကို ရည်ရွယ်ရှိရှိ ပြုလုပ်ခဲ့တာ ဖြစ်သည်။

လီရှင်းယွင်အကြောင်း သူတို့ရဲ့ ကျောင်းဖိုရမ်တွင် ပို့စ်တင်ခဲ့သည် စီနီယာ လီရှင်းရုံတောင်မှ လူထုအမြင်ကို မကိုယ်တွယ်နိုင်ပဲ ကုန်းယိလင်းအကြောင်းအား ထုတ်ဖော်ပြောခဲ့သည်။

ကုန်းယိလင်းသည် သူ လုံးဝမမျှော်လင့်ထားသည့် ပုံစံမျိုးဖြင့် နာမည်ကျော်ကြားလာခဲ့သည်။

ပိုးပန်းတာ မအောင်မြင်၍ ရေတပ်ဝယ်ကာ အွန်လိုင်းပေါ်တွင် အနိုင်ကျင့်တဲ့ နည်းလမ်းက အရမ်းဆိုးရွားလွန်းတယ်လို့ လူတိုင်းက ပြောဆိုကြသည်။ အရင်က စည်းချက်ညီညီ အနိုင်ကျင့်ခဲ့ကြသော အင်တာနက်သုံးစွဲသူ အများအပြားကလည်း သူ့အပေါ် ဒေါသထွက် ဆဲဆိုခဲ့ကြသည်။

ပွင့်ပွင့်လင်းလင်း ပြောတတ်သောသူများသည် သူမဝေ့ပေါ်အကောင့်အောက်တွင် ရိုင်းစိုင်းသည့် မှတ်ချက်များကို ရေးသားမိသည့် တောင်းပန်စာများ ပေးပို့ခဲ့ကြသည်။ ပို၍ ပွင့်လင်းသူများသည် ကုန်းယိလင်းရဲ့ လက်ကိုင်ဖုန်းကို ခေါ်ဆို၍ အမျိုးသားရေး အလွဲသုံးစားမှု အမျိုးမျိုးကို မလုပ်ရန် သင်ကြားပေးခဲ့ကြသည်။

***

ကုန်းယိလင်းသည် သူ့ကွန်ပြူတာမျက်နှာပြင်ကို မလှုပ်မယှက် စိုက်ကြည့်နေခဲ့သည်။ အရာအားလုံးသည် အလွန်လျင်မြန်စွာ ဖြစ်ပျက်သွားသည်။ အလွန်လျင်မြန်စွာ ဖြစ်ပျက်သွားခဲ့သည့်အတွက် ထောင်ချောက်ထဲသို့ ကျရောက်သွားသော တိရိစ္ဆာန်တစ်ကောင်ကဲ့သို့ ဒါကို ရပ်တန့်ဖို့ သူ့မှာ အချိန်မရှိခဲ့ပေ။

ပြန်လည်မွေးဖွားလာသော ယောက္ခမဆိုး (ဒုတိယတွဲ)Where stories live. Discover now