Ch-233

676 92 0
                                    

အခန်း (၂၃၃) - ဒီအခိုက်အတန့်၌ သူ့နှလုံသားထဲက နတ်သမီးလေးဟာ သေဆုံးသွားခဲ့ပြီ (၂)

စာရေးသူ - Zhái Miāo (宅喵)

ဘာသာပြန်သူ - No Noe ( Miracle_Phyu97)

လူတိုင်းက သူ့ကို မကျေမနပ်ပြောဆိုနေတာကို နားထောင်နေရင်း ကျန်းကျစ်ယန်သည် ရုတ်တရတ် ဖန့်ကျွင်းရုံရဲ့ အဓိပ္ပါယ်ဖော်ဆောင်မရသည့် အပြုံးကို ပြန်အမှတ်ရမိသွားသည်။ နောက်ဆုံး၌ သူဟာ အရာအားလုံးကို သဘောပေါက်နားလည်သွားခဲ့သည်။ ဒါ့ကြောင့် ဖန့်ကျွင်းရုံက သူ့ကို ဆေးဝါးအများကြီးကို ရုတ်တရတ် ‌ရောင်းထုတ်ခဲ့တာ အံ့သြစရာ မရှိပါဘူး။ သူမက အစကတည်းက သူ့အတွက် တွင်းတူးပေးထားခဲ့တာပဲ။ ဖန့်ကျွင်းရုံနဲ့ သူ့ဝမ်းကွဲကြား ဆက်ဆံရေးက ဘယ်သောအခါမှ ခွာပြဲသွားခဲ့ခြင်း မရှိခဲ့ပေ။

မဖြစ်နိုင်တာကို သူ သတိထားမိပေမယ့် အကျိုးကျေးဇူးတွေက ဆွဲဆောင်မှုရှိလွန်းတာကြောင့် သူက ထောင်ချောက်ထဲသို့ ကျသွားခဲ့သည်။ နောင်တတရားက သူ့ကို လွှမ်းခြုံသွားခဲ့သည်။ နောင်တအပြင် ဖန့်ကျွင်းရုံနဲ့ သူ့ဝမ်းကွဲအပေါ် မုန်းတီးမှုအပါ အဆစ်ပါသေးသည်။ သူတို့နှစ်ယောက်က အရမ်းရက်စက်လွန်းလှသည်။

"အဲ့တာက ဖန့်ကျွင်းရုံပဲ၊ သူမက ငါ့ကို ထောင်ချောင်ဆင်ခဲ့တာ၊ သူမက ငါ့ကို ဒီဆေးတွေ ရောင်းချပေးခဲ့တာပဲ။"

ကျန်းကျစ်ယန်က ဤသို့ ကျယ်လောင်စွာ အော်ဟစ်ခဲ့ပြီး သူ့အသံက အားကိုးရာမဲ့ ဖြစ်နေခဲ့သည်။

မည်သို့ပင်ဖြစ်စေ သူ့ကို အခြားသူတွေက ဒီလိုနည်းလမ်းမျိုး ဖြေရှင်းပေးရုံမျှဖြင့် အလွယ်တကူ ခွင့်လွှတ်ပေးလိမ့်မည် မဟုတ်ပေ။

"အိုး... သူမက မင်းကို ငါတို့ရဲ့ မျက်နှာသာပေးမှုတွေကို လက်ခံဖို့ ပြောထားခဲ့လို့လား။ အကျိုးကျေးဇူးတွေက မင်းလက်ထဲကိုပဲ ကျရောက်သွားခဲ့ပြီး အခုမှ မင်းက အဲ့တာတွေကို မရှိခဲ့သလို ဟန်ဆောင်ချင်နေတာလား။ မင်းက ငါတို့က အရူးတွေလို့ ထင်နေတာလား။"

"ငါတို့ကို ဆက်သွယ်ခဲ့တဲ့သူက သူမ မဟုတ်ပဲ မင်းပဲ။ ပြီးတော့ မင်းက အပြစ်တွေအားလုံးကို သူမအပေါ် ပုံချချင်နေတာလား။ မင်း ဘယ်လောက်တောင် အရှက်ကင်းမဲ့လွန်းရတာလဲ။"

ပြန်လည်မွေးဖွားလာသော ယောက္ခမဆိုး (ဒုတိယတွဲ)Where stories live. Discover now