Ch-219

794 105 0
                                    

အခန်း (၂၁၉) - အိုး... သနားစရာ Duchess Capet (၂)

စာရေးသူ - Zhái Miāo (宅喵)

ဘာသာပြန်သူ - No Noe ( Miracle_Phyu97)

ဖန့်ကျွင်းရုံသည် သူမအရင်ဘဝတုန်းက တစ်ယောက်ကိုတစ်ယောက် သည်းသည်းလှုပ် ချစ်မြတ်နိုးခဲ့ကြသော အချစ်နှစ်ကောင်ဖြစ်သည့် သူမရဲ့ ဝက်လိုသားနဲ့ ကျန်းယာ့ကောတို့ လမ်းခွဲသွားခဲ့ကြပြီ ဆိုတာကို မသိခဲ့ပါဘူး။ သူမမှာ အမျိုးမျိုးသော မိတ်ဆုံစားပွဲများကို တက်ရောက်နေရပြီး သူမရဲ့ ထုတ်ကုန်အသစ်များအတွက် ပြင်ဆင်နေရသည်။

သူမသည် Duchess Capetထံမှ ဖုန်းခေါ်ဆိုမှုတစ်ခု လက်ခံရရှိခဲ့သည်။ သူမရဲ့အသံက စိတ်လှုပ်ရှားမှုများ ပြည့်နှက်နေသည်။ "ဖန့်... နင် ငါ့ကို ပေးလိုက်တဲ့ ဆံပင်ကြီးထွားဆေးခရင်မ်က အရမ်းအံ့သြဖို့ကောင်းတာပဲ။ ငါ အဲ့လောက် အကျိုးအာနိသင်ကောင်းတဲ့ ထုတ်ကုန်မျိုးကို လုံးဝ မတွေ့ဖူးဘူး။ ဒီဟာက ငါ့ဘဝရဲ့ နွေဦးကို တဖန် ပြန်ရရှိစေခဲ့တယ်။"

"နင် ဒီဟာကို ဘယ်‌တော့လောက် စျေးကွက် ဖြန့်ချိမလဲ။ ငါ ဒီလိုကောင်းတဲ့ ထုတ်ကုန်မျိုးကို တစ်ကမ္ဘာလုံးကို ကြော်ငြာပေးမယ်။"

Duchess Capetသည် ဖန့်ကျွင်းရုံနဲ့ ဗီဒီယိုဖုန်းခေါ်ဆိုမှုတစ်ခု ပြုလုပ်ခဲ့ပြီး သူမရဲ့ဆံပင်ကို ဖန့်ကျွင်းရုံကို ပြသခဲ့သည်။ တစ်လ သုံးစွဲအပြီးမှာ သူမရဲ့ ပြောင်းဖူးမွှေးလို စုတ်ပြတ်သတ်နေသည့် ဆံပင်တွေက မူလကလို နူးညံ့ချောမွေ့သည့် ရွှေအိုရောင်ဆံပင်များအဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။ ဖန့်ကျွင်းရုံရဲ့ ဆံပင်များကဲ့သို့ မကောင်းမွန်သေးသော်လည်း အကျိုးရလဒ်ကတော့ အံ့မခန်းပင်။ Duchess Capetသည် ဆံပင်ကြီးထွားဆေးခရင်မ်ကို စကားလုံးထောင်ချီ အသုံးပြုပြီး ချီးကျုးစကား ပြောဆိုခဲ့သည်။

ဖန့်ကျွင်းရုံသည် သူမရဲ့ ထုတ်ကုန်အတွက် ကူညီပြီး ကြော်ငြာ‌ပေးမယ့်သူရှိသည့်အတွက် အရမ်းဝမ်းသာမိသည်။ သူမသည် Duchess Capetကို နောက်ထပ် လက်ဆောင်အချို့ပေးမယ်လို့ ကတိပေးခဲ့သည်။

ဖန့်ကျွင်းရုံသည် ရှစ်ရက်မြောက်နေ့တွင် သူမရဲ့ ဝေ့ပေါ်တွင် ဒီထုတ်ကုန်အသစ်ကို တိုက်ရိုက်ကြော်ငြာခဲ့သည်။

ပြန်လည်မွေးဖွားလာသော ယောက္ခမဆိုး (ဒုတိယတွဲ)Where stories live. Discover now