Ch-247

322 49 0
                                    

အခန်း (၂၄၇) – “ကျုံးရီတစ်ဦးတည်းကသာ ငါ့မွေးစားသမီးပဲ” (၁)

တရုတ်နိုင်ငံရှိ သူမရဲ့ ထုတ်ကုန်တွေကို ဝယ်ယူသုံးစွဲသူတွေကိုလည်း မျက်နှာသာပေးရန် လိုအပ်ပြီး မည်သူ့ကိုမှ မျက်နှာသာပိုမပေးသင့်ပါ။

ဖန့်ကျွင်းရုံသည် တရုတ်နိုင်ငံရှိ သူမရဲ့ လက်အောက်ငယ်သားများနှင့် ဗီဒီယိုအစည်းအဝေး ထိုင်ခဲ့ပြီးနောက် ဝီချက်တွင် ကြော်ငြာချက် ထုတ်ပြန်ခဲ့သည် - “မိန်ဖုန့်ကော်ပိုရေးရှင်းမှ အလှအပဆေးလုံးနှင့် ဆံပင်ကြီးထွားဆေးခရင်မ်တို့ကို ယခုလက်ရှိ ဗူးရေ တစ်သောင်းဆီ ဖြန့်ချိရာကနေ ဗူးရေ နှစ်သောင်းအထိ တိုးမြှင့်ဖြန့်ချိပေးမှာဖြစ်ပြီး ကံစမ်းမဲဖြင့် အမြန်ရောင်းချသည့် အစီအစဥ်တွင်လည်း ဗူးရေ နှစ်သောင်းအထိ တိုးမြှင်းရောင်းချပေးမှာပဲ ဖြစ်တယ်။ ကျွန်ုပ်တို့ရဲ့ ဖောက်သည်အသစ်နှင့် အဟောင်းတွေအတွက် လာမည့်နှစ်ပတ်အတွင်း ဝယ်ယူရရှိမည့် မိန်ဖုန့်ကော်ပိုရေးရှင်းရဲ့ ထုတ်ကုန်များကို ၁၀ ရာခိုင်နှုန်း လျှော့စျေးပေးသွားမှာပဲ ဖြစ်သည်။”

ဒီအကျိုးခံစားခွင့်က အလွန်ကောင်းမွန်ပြီး ပြည်တွင်းစျေးဝယ်သူများ၏ နာကြည်းမှုကို အနည်းငယ် ဖြေလျှော့ပေးရာ ရောက်သည်။ နေ့တိုင်း သူမရဲ့ ဝေ့ပေါ်အကောင့်အောက်မှာ လူတော်တော်များများက အဲ့ဒီထုတ်ကုန်နှစ်ခုကို ဝယ်လို့ မရဘူး ကုန်သွားတာ မြန်တယ်လို့ လာရောက် ညည်းညူကြပြီး စတိုးဆိုင်ပေါ်သို့ မြန်မြန်တင်ပေးနိုင်မယ်လို့ မျှော်လင့်ကြောင်း အမြဲလိုလို လာရောက် ညည်းညူကြသည်။ ကြော်ငြာချက် ထုတ်ပြန်ပြီး နှစ်နာရီအကြာမှာတော့ ဖန့်ကျွင်းရုံဟာ မှတ်ချက်များ ဖတ်ရှုရန် လိုင်းပေါ်တက်ခဲ့သည်။ အလွန်အကျူး ချီးကျုးပြောဆိုမည့် စကားများကို မြင်ရမည်ဟု သူမ ထင်ခဲ့သော်လည်း ပရိသတ်တွေရဲ့ အာရုံစူးစိုက်မှုက အနည်းငယ် လွဲချော်သွားပုံပေါ်သည်။

[သူမ ရောက်လာပြီ၊ သူမ ရောက်လာပြီ၊ သူမ ကံစမ်းမဲအစီအစဥ် လုပ်ပေးပြီ။ ငါတို့နိုင်ငံရဲ့ ကံစမ်းမဲ မူဝါဒအောက်မှာ တစ်ကမ္ဘာလုံးမှ လူတွေ တုန်လှုပ်ကြပါစေ။]

ပြန်လည်မွေးဖွားလာသော ယောက္ခမဆိုး (ဒုတိယတွဲ)Donde viven las historias. Descúbrelo ahora