ဖန့်ကျွင်းရုံသည် သူမရဲ့မျက်နှာပေါ်မှ ဖုံးကာထားသည့် ပစ္စည်းတွေကို ဖယ်ရှားလိုက်ပြီး အလွန်အေးစက်စွာ ပြောလိုက်သည်၊ "ငါက ဖန့်ကျွင်းရုံပဲ။ ငါ့မှာ ဘယ်တုန်းက တူမတစ်ယောက် ရှိသွားတာလဲ။ ငါ့ကို ပြောစမ်းပါဦး၊ ဒါတွေကို ဘယ်စက်ရုံကနေ နင် ရခဲ့တာလဲ၊ ဟင်..."

ထိုမိန်းကလေးက လှည့်ကြည့်လိုက်သောအခါ ဖန့်ကျွင်းရုံရဲ့ မျက်နှာကိုမြင်ပြီး ဖြူဖျော့သွားသည်။

ဤနေရာတွင် ဖြစ်ပျက်နေသည့် လှုပ်ရှားမှုက သေးငယ်သည် မဟုတ်ပေ၊ တန်းစီနေသော လူတိုင်းက ဒီနေရာကို တချက်တချက် လှမ်းကြည့်နေကြသည်။ မည်သို့ပင်ဆိုစေ၊ သူတို့က တရုတ်စကားဖြင့် ပြောဆိုနေကြသောကြောင့် သူတို့တွေ ဖန့်ကျွင်းရုံတို့ ပြောနေသော စကားများကို နားလည်နိုင်စွမ်း မရှိပေ။

အစောပိုင်းက ဖန့်ကျွင်းရုံ တားမြစ်လိုက်သော ဝယ်ယူသူသည် သူမရဲ့ ပိုက်ဆံအိတ်ကို တင်းတင်းဆုပ်ကိုင်ပြီး "မင်း အဲ့တာတွေကို ရောင်းသေးလား။ ငါ နှစ်ဗူးလောက် လိုချင်တယ်။" ဟု ပြောသည်။

ဖန့်ကျွင်းရုံက သူမကို ပြောသည်၊ "သူမ ရောင်းချနေတာ ပစ္စည်းတုတွေပါ။ နောက်ကျရင် မင်းမျက်နှာကို ထိခိုက်ပျက်စီးစေနိုင်တယ်။"

မိန်းကလေးရဲ့ မျက်နှာဟာ ဖြူဖျော့သွားသည်။ "သူမက အဲ့ပစ္စည်းတွေကို စက်ရုံကနေ တိုက်ရိုက်ယူလာခဲ့တာလို့ ပြောတယ်။"

ဖန့်ကျွင်းရုံသည် သူမရဲ့ လည်စည်းပဝါကို ဖယ်ရှားလိုက်ပြီး သူမရဲ့ တစ်မျက်နှာလုံးကို ပြသလိုက်သည်။ သူမရဲ့ အသားအရေက ချောမွေ့လွန်းပြီး လင်းလက်တောက်ပနေသဖြင့် လူတိုင်းရဲ့ အာရုံကို ဆွဲဆောင်သွားခဲ့သည်။

ဖန့်ကျွင်းရုံက နူးညံ့သိမ်မွေ့သည့် အသံ‌လေးဖြင့် လေးနက်တည်ကြည်စွာ ပြောသည်၊ "ကျွန်မက ဖန့်ကျွင်းရုံပါ။ တရုတ်နိုင်ငံမှာတောင် အလှအပဆေးလုံးနဲ့ ဆံပင်ကြီးထွားဆေးခရင်မ်ကို လက်ဝယ် ရရှိဖို့ မလွယ်ကူသလို လျှော့စျေးပေးတဲ့ အစီအစဥ်ကလည်း မရှိသလောက် ရှားပါတယ်။ သူတို့လက်ထဲမှာ ကုန်ပစ္စည်း အမြောက်အများရှိတယ်၊ စက်ရုံကနေ တိုက်ရိုက်ရလာတာလို့ ပြောတဲ့သူတိုင်းဟာ လူလိမ်တွေပါ။"

ပြန်လည်မွေးဖွားလာသော ယောက္ခမဆိုး (ဒုတိယတွဲ)Where stories live. Discover now