Chapter 74- ရုပ်ရည်

Start from the beginning
                                    

....

စစ်မေးနေသည့် စုံထောက်ပင် မျက်လုံးပြူးသွားရသည်။
" ခင်ဗျားက ကံကောင်းဖို့ ဆုတောင်းတာမဟုတ်ဘူးဆိုတော့ ဘာအတွက် ဆုတောင်းတာလဲ"

" လော့ယွီက တော်တော်လေးချောတယ်ဆိုတာ ရှင်တို့လဲ သိသားပဲ.. ပြီးတော့ ယင်းဝမ်ရူက အရမ်းလှတယ်လေ..  ဒီနေ့ သူရလာတဲ့ အောင်မြင်မှုတွေ အကုန်လုံးက သူ့မျက်နှာကြောင့်ပဲ "
ယင်းဝမ်ရူ၏ မန်နေဂျာမှာ မိတ်ကပ်မပါသည့် မျက်နှာပြောင်နှင့် ထိုင်ခုံပေါ် ထိုင်နေသည်။ အနီးကပ်ကြည့်မိပါက သူမ၏ ရုပ်ရည်မှာ လှပသော်လဲ မျက်နှာရိုးကျပုံက အတော်လေးထူးဆန်းနေသလိုပင်။ ထို့နောက် သူမက ဆက်ပြောသည်။
" တကယ်တော့ ရှင်တို့ထင်သလိုမဟုတ်ဘူး.. ကျွန်မက ကံကောင်းအောင် ဒီလိုလုပ်ခဲ့တာ လုံးဝမဟုတ်ဘူးရှင့်"

သူမ ခပ်ရေးရေး ပြုံးလိုက်သည်။

အလုပ်တက်ရသည့်ရက်များတွင် အမြဲတမ်း မျက်နှာတင်းထားရသောကြောင့် ပြုံးလိုက်သည့်အခါ နှုတ်ခမ်းထောင့်များက တောင့်တင်းစွာ ကွေးတက်လာသည်။

" ကျွန်မလိုချင်တာ ရုပ်ရည်ပဲ"

ပလတ်စတစ်ဆာဂျရီအကြောင်း ချီချင်း သိပ်မသိ။ ယင်းဝမ်ရူ မန်နေဂျာ၏ ပလတ်စတစ်‌ဆာဂျရီမှ။ အတော်လေး ပုံကျကာ အရမ်းဆိုးဆိုးရွားရွားကြီး ဖြစ်မနေ။ ထို့ကြောင့်သာ ချီချင်း သတိမထားမိခြင်းဖြစ်၏။ အခုတော့ ကြည့်လေ ကြည့်လေ ထူးဆန်းနေသည်ကို ခံစားလာရသည်။

သူမ၏ မျက်နှာအစိတ်အပိုင်းတစ်ခုချင်းစီက စံနှုန်းမီအောင် ပြုပြင်ထားပုံရသည်။ နှာတံအနိမ့်အမြင့်အနေအထားမှသည် နှာခေါင်းအရွယ်အစားအထိ အကုန်လုံးက အတိအကျ တိုင်းတာထားသည့်အလား။ သို့တိုင်အောင် အရမ်းကြီး ‌ထူးခြားပြောင်မြောက်မနေ။ အထူးသဖြင့် သူမ မျက်နှာအမူအရာလုပ်လိုက်တိုင်း တောင့်တင်းနေလေ၏။

ထိုအမျိုးသမီးက သူမ၏ မျက်နှာကို လက်ညိုးထိုးနေသည်။ လက်မြှောက်လိုက်သည့်အတွက် လက်ထိပ်နှင့် ကြိုးတို့ထိခတ်သံတို့ ကျယ်လောင်စွာ ထွက်လာသည်။
" ဒီမျက်နှာကို လွန်ခဲ့တဲ့ ငါးနှစ်လုံးလုံး ခွဲစိတ်မှုတွေ‌ ထောင်သောင်းမက လုပ်လာတာ... ဘယ်နှခေါက် လုပ်မိမှန်းတောင် မမှတ်မိတော့ဘူး.. မျက်ရစ်နှစ်ထပ်ရဖို့ကိုတောင် ခွဲစိတ်မှု ဆယ်ခုမက လုပ်ရတယ်.. မေးရိုးကို ထင်းနေအောင်.. နားရွက် ပြား‌ပြားလေးဖြစ်အောင်... နှာခေါင်းမြင့်မြင့်လေးဖြစ်အောင်... မျက်ဆန်ပေါ်အောင် .. ပါးရိုးမြင့်အောင်.. အသားအရည်လှအောင် ဟာလျူရောနစ်အက်ဆစ် ထိုးရတာပါသေးတယ်... ကမ္ဘာပေါ်မှာ ရှိရှိသမျှ အလှအပဆိုင်ရာ ခွဲစိတ်မှုအကုန် ရှင်တို့ပြောကြည့် ကျွန်မ မလုပ်ဖူးတာကို မရှိဘူး"

အန္တရာယ်ရှိသော စရိုက် - ဘာသာပြန် Where stories live. Discover now