အပိုင်း ၃၄ (မဂ်လာပွဲ)

158 18 1
                                    

မနက်နိုးထလာသောအချိန် ဘေးမှ သူမအား ရင်ခွင်ထဲ ဆွဲထည့်ထားပြီး ပြုံးပြီး ကြည့်နေသောသူအား တွေ့လိုက်ရတော့တယ်။ ထို အဖြစ်အပျက်ကြောင့် သူမ စိတ်ထဲ အမျိုးမျိုးသော ပုံရိပ်များ ပြန်ပေါ်လာသောကြောင့် မျက်နှာမှာ ခရမ်းချဉ်သီးလေးအလား နီရဲသွားသည်မှာ တစ်ယောက်သောသူရဲ့ မျက်၀န်းထဲမှာတော့ဆွဲကိုက်ချင်စရာလေးဖြစ်နေတော့တယ်။

ရှက်လွန်းလို့ သူမ စောင်အား ခေါင်းမြီးဆွဲခြုံပစ်လိုက်ကာ ခန္ဓာကိုယ်အား စောင်ဖြင့်ထုတ်ထား လိုက်တော့တယ်။ဆံပင်လေးနဲနဲသာ ပေါ်နေတော့သော စောင်ထုတ်လုံးလေးအားကြည့်ရင်း စိတ်ကြည်နူးစွာ ဖြင့် ရယ်လိုက်မိသဖြင့် စောင်ထုတ်လေးထဲမှ စူအောင့်အောင့် အသံလေးက ထွက်လာတော့တယ်။

"ဘာရယ်နေတာလဲ"

"ကိုယ့်ဇနီးလေးရှက်နေပုံက အသဲယားစရာ ကောင်းနေလို့ ရယ်မိတာပါ ။"

"ဘယ်မှာရှက်လို့လဲ အိပ်ချင်လို့ ဟွန့် အိပ်ရေးမ၀တာ ဘယ်သူ့ကြောင့်လဲပြောလေ ပြောလေ"

"ဒီက မင်းလေးရဲ့ ယောကျာ်း အမှားပါ "

"ဘယ်သူက ကျွန်မ ယောကျာ်းလဲ ဟွန့် ရှင်က ကျွန်မရဲ့ မိန်းမ "

"ဟုတ်တယ် ဟုတ်တယ် ကိုယ်က ဇနီးလေးရဲ့ မိန်းမ "

"ဒီလိုမှပေါ့ ဟွန့်"

အားချစ်ဖို့ကောင်းတာဘဲကွာ

စောင်ထုတ်ထဲက လူသားလေးကို ချစ်လွန်းလို့ သူရူးတော့မှာဘဲ။ စောင်ထုတ်ကလေးကို အပေါ်က အုပ်မိုးလိုက်ပြီး စောင်ကို လျောချကာ နှုတ်ခမ်းစူစူလေးအား သိမ်းပိုက်လိုက်တော့တယ်။

"ဇနီးလေးက သိပ်အရသာရှိတာဘဲ"

သူမရှက်လာတာနဲ့ သူ့ကိုအတင်းတွန်းပြီး အပြင်ကို ထွက်သွားခိုင်းလိုက်ပြီး တံခါးသော့ခတ်ထားလိုက်တယ်။

ဟူ ~~ ရင်တုန်လို့ သေတော့မှာဘဲ

'အားချင် ချင်.... Host အကျီ၀တ်ပါအုံး'

*ဟမ်*

သူမ အခုမှ ငုံ့‌ကြည့်တော့မှ ကိုယ်တုံးလုံးဖြစ်နေမှန်းသိတော့တယ်။ အဲ့တာကြောင့် ဟိုတစ်ယောက်ထွက်သွားတုန်းက သူမကို မီးပွင့်မတက်ကြည့်နေခဲ့တာကို။သူမလည်း အကျီအမြန်ကောက်၀တ်လိုက်တော့မှ

I got a wife as the system Where stories live. Discover now