အပိုင်း(၇)အသက်ကယ်တင်ခြင်း(၁)

219 24 1
                                    

' ချင်အာ အဲ့ မြေခွေးလေးကို တကယ်ဘဲ ကယ်မလို့လား။'

*ဟုတ်တယ်လေ ဘာလို့လဲ? ဒီလောက် ချစ်ဖို့ကောင်းတဲ့ အကောင်ပေါက်လေးကို သေချာပေါက် ကယ်ရမှာပေါ့ဟ*

'ဒါပေမယ့် ချင်အာ မမေ့နဲ့ အုံး သူ့ကို ဘယ်လိုကယ်မှာလဲ ဆိုတာ။ ချင်အာ အနေနဲ့ အခုမှ ဆေးဖော်စပ်ဖို့ လေ့လာရမှာ ပြီးတော့ အခု အဲ့ဆေးက ဆရာသခင် အဆင့်နဲ့ အထက်က လူတွေဘဲ ဖော်စပ်နိုင်တဲ့ဆေး နောက်တစ်ခုက လိုအပ်တဲ့ ဆေးအမယ်တွေကလည်း ရှာရခက်တယ် ဆိုတာ သိရဲ့သားနဲ့'

*အင်းးး အဲ့တာတော့ဟုတ်တယ်။ ဒါပေမယ့် မသိဘူးဟာ  ငါသူ့ကို ကယ်ချင်တယ်။ ငါသိချင်တာ တစ်ခုရှိတယ် ငါ့ကို အရင်ဘ၀ စမ်းသပ်တုန်းက ဗီဇအမျိုးပေါင်းများစွာနဲ့ စမ်းသပ်ခဲ့ပြီး ငါ့သွေးက အဆိပ်ပေါင်းများစွာကို ဖြေပေးနိုင်တယ်။ ငါ့ကို ထုတ်လုပ်တဲ့အထဲမှာပါတဲ့ professor K ရဲ့ သမီးဖြစ်သူက လုံး၀ကုသလို့မရတဲ့ ရောဂါ ဖြစ်နေခဲ့တာ။ သူ့သမီးက မွေးရာပါ ဝိဉာည် အဆိပ်မိနေခဲ့တယ်လို့ ကြားဖူးတယ်။ဒီမှာက ၂၄နာရီအတွင်း မကုရင် သေနိုင်တယ်လို့ စာအုပ်ထဲမှာ ဖော်ပြထားပေမယ့် ဟို professor K က သူ့သမီးအသက်ကို ရာစုနှစ် တစ်ခုအထိ ဆွဲဆန့်ထားနိုင်ခဲ့ပြီး နောက်ဆုံး သူမ(ပိုင်ချင်းယန်) ကိုဖန်တီးပြီးနောက်မှာ သူမသွေးနဲ့ အဲ့ကလေးမလေးကို ကယ်လို့ရခဲ့တယ်လို့ ကြားဖူးတယ်*

*စွင်အာ အခုကော ငါ့သွေးက အလုပ်လုပ်သေးလား*

'ခန ကျွန်တော် စုံစမ်းကြည့်ပေးမယ်'

*အမြန်လုပ်ဖို့တော့ လိုမယ်နော်*

'အင်း'

System offline ဖြစ်သွားပြီးနောက်မှာ သူမလည်း မြေခွေးလေးကို ချီပြီး နီးစပ်ရာ ဂူ တစ်ခုထဲမှာ ၀င်နားရင်း မြေခွေးလေး အခြေအနေကို စောင့်ကြည့်နေလိုက်တော့တယ်။ ပထမက နှစ်"ခြိုက်" အိပ်မောကျနေတဲ့ မြေခွေးလေးက လူးလိမ့်လာပြီး နာနာကျင်ကျင်ဖြင့် တအီအီ ညည်းတွားကာ အဆက်မပြတ် လူးလိမ့်နေတော့တယ်။သူမလည်း ထို မြေခွေးလေးကို ဝိဉာည်စွမ်းအားကူးပြောင်းပေးရင်း မြေခွေးလေးသက်သာအောင် ကူညီပေးတဲ့အခါမှသာ လူးလိမ့်နေရာကနေ ငြိမ်သက်သွားပြီး သူမကို မော့ကြည့်လာတော့တယ်။ သူမလည်း သူမကို မော့ကြည့်လာတဲ့ ရေပြာရောင် မျက်လုံးဝိုင်းလေးတစ်စုံကို ပြန်ကြည့်ရင်း ပါးစပ်ကနေလည်း "မကြာခင် အဆင်ပြေသွားမှာမို့ မကြောက်နဲ့နော် "ဆိုပြီး အားပေးစကားပြောရင်း အမွှေးလေးကို ပွတ်ပေးလိုက်တော့ ထိုအမွှေးလုံးလေးက သူမလက်က သူ့အတွက် နေလို့ကောင်းလို့ဖြစ်မယ်။ သူမ လက်ထဲကို လုံးလုံး လုံးလုံး နဲ့ ပိုတိုး၀င်လာတာကြောင့် သူမလည်း ထိုအမွှေးလုံးလေးကို မချီ၍ ရင်ဘတ်ထဲမှာ ပွေ့ပိုက်ထားလိုက်ပြီး သူ့အမွှေးလေးတွေကို ပွတ်သပ်နေမိတော့တယ်။

I got a wife as the system Where stories live. Discover now