အပိုင်း(၁၅)

176 24 0
                                    

ညအချိန် ၀မ်ချန်မြို့

၀မ်ချန်မြို့အတွင်း အင်းဆက်များ၏ ဟစ်ကြွေးသံများနှင့် လေပြည်တို့၏ တိုက်ခတ်မှုကြောင့် ထွက်ပေါ်လာသော အသံများမှအပ အရာအားလုံးမှာ ငြိမ်သက်တိတ်ဆိတ်လျက်ရှိသည်မှာ လမ်းပေါ်သွားလာနေသည့် ခွေးတစ်ကောင်ကြောင်တမြီး မျှ မတွေ့ရှိရပေ။

ထိုသို့ တိတ်ဆိတ်လျက်ရှိသောအချိန်အခါ၌

"အားးး!!!!!"

ရုတ်တရတ်ထွက်ပေါ်လာသော အော်သံနက်ကြီးကြောင့် အိပ်တန်းတတ်နေကျသော ငှက်များမှာ အလန့်တကြား ပျံသန်းထွက်ပြေးကုန်ကျတော့တယ်။

မနက်ခင်း နေရောင်ခြည်မှာ တောက်ပထွန်းလင်းလျက်ရှိနေ၏။

ထိုစဉ် တည်းခိုခန်းအတွင်း၌ လူများ၏ ဆွေးနွေးသံများမှာလည်း စိတ်အားထက်သန်စွာဖြင့် "ညီအစ်ကိုတို့ ညဘက်က အော်သံနက်ကြီး ကြားမိကျလားဗျ"

"ကြားတာပေါ့ အကျယ်ကြီး လန့်တောင်နိုးတယ်။ တကယ်ဘဲ ဘာဖြစ်တာလဲ သိကျလား"

"ကျွန်တော် အဲ့အသံကို ကြားတော့ သိချင်လို့ အဲ့ညက ထကြည့်သေးတယ်။ "

"အဲ့တော့...ဆက်ပြောလေဗျာ ဘာလို့ရပ်သွားတာလဲ"

"ခင်ဗျားကလည်း ရေနွေးကြမ်းသောက်ပါရစေအုံး အာစွပ်တဲ့အနေနဲ့"

"အဲ့တာနဲ့ ကျွန်တော် သွားကြည့်တော့ လူတစ်ယောက်အရိပ်ကို ဖျက်ခနဲ မြင်လိုက်ရပေမယ့် သေချာ မတွေ့လိုက်ဘူး။ သေချာတာတော့ အဲ့အော်သံနဲ့ အဲ့က လူရိပ်နဲ့က ပတ်သက်မှုရှိမှာ သေချာတယ်။"

ထိုသို့ဖြင့် ၀မ်ချန်မြို့အတွင်း၌ ထို အကြောင်းအရာမှာ တောမီးပမာ ပျံ့နှံ့လျက်ရှိကာ လူတိုင်းဟ ပါးစပ်ဖျား၌ရောက်ရှိနေတော့တယ်။

သူမလည်း အပျက်းပြေ ဈေးလမ်းထဲလျှောက်လည်ပတ်ကာ စပ်စုနေမိတော့တယ်။ ထိုဈေးထဲ၌ ပစ္စည်းများ စုံလင်စွာ ရောင်းချလျက်ရှိသည်ကိုတွေ့ရသည်။

လက်နက်၊ မုန့်မျိုးစုံ၊ လက်၀တ်လက်စားများနှင့် အခြားသော ပစ္စည်းပေါင်းများစွာကို စုံလင်စွာတွေ့ရှိရလေသည်။

I got a wife as the system Where stories live. Discover now