အဂ္ဂိရတ်ပညာ

222 22 0
                                    

ကျန်းဟူတစ်ခွင်မှာ ကျင့်ကြံကျတဲ့ လူပေါင်းစုံ ကျင့်ကြံရေးနည်းလမ်း မျိုးစုံရှိကျတယ်။

၁။ ဓားသိုင်း(ဓားကျင့်စဉ်ကို လေ့လာသူတွေက ဓားအသိရှိကျပြီး ဓားတွေကို စိတ်ဝိဉာည်နဲ့ ချိတ်ဆက်ကာ လိုအပ်သလို အမိန့်ပေးနိုင် တိုက်ခိုက်နိုင်ကျတယ်။)

၂။ သံစဉ်တေးသွား (ထိုကျင့်စဉ်ကတော့ ကျင့်ကြံသူက ကုချင်းတို့ ကြိုးတပ်တူရိယာတွေ သုံးပြီး သံစဉ်တေးသွားနဲ့ တစ်ဖက်ရန်သူကို တိုက်ခိုက်ကျတယ်။)

၃။ မိစ္ဆာကျင့်စဉ်(ထိုအရာကို ကျင့်ကြံသူတွေက မကောင်းတဲ့ နည်းလမ်းနဲ့ ကျင့်ကြံကျပြီး ကျင့်ကြံဆင့်မြင့်တက်အောင် လုပ်ဆောင်ကျတဲ့ သူရဲကောင်းလမ်းစဉ်ကို မလျှောက်လှမ်းနိုင်ကျတဲ့သူတွေ လျှောက်လှမ်းတဲ့ လမ်းစဉ်တစ်ခု)

၄။ခန္ဓာကျင့်စဉ် (ထိုကျင့်စဉ်ကျင့်ကြံကျသူများဟာ သာမန်ထက်ပိုပြီး ခွန်အားကြီးကြသလို ကာယစွမ်းအင်မှာလည်း တအားသန်မာကျတယ်။)

၅။ အဂ္ဂိရတ်ပညာ (ထိုကျင့်စဉ်ကတော့ တိုက်ခိုက်ရေးကျင့်စဉ်မျိုးမဟုတ်ဘဲ စိတ်ဝိဉာည်စွမ်းအင်အများအပြားသုံးရတဲ့ကျင့်စဉ်မျိုးဖြစ်တယ်။)

အဂ္ဂိရတ်ပညာရှင်‌ေတွဟာ ဆိုရင် သမားတော် တွေလိုမျိုးပေါ့။မတူညီတာတစ်ခုက သူတို့က သူတို့ကိုယ်တိုင် မီးပြင်းဖိုကြီးတွေထဲ ပါ၀င်ပစ္စည်းတွေထည့်ပြီး ဆေးဖော်စပ်ကျရတဲ့အပြင် ဆေးဖော်စပ်ရာတွင်လည်း စိတ်ဝိဉာည်အပြင် မီးကိုလည်း ထိန်းချုပ်နိုင်ရတယ်။ဒါမှသာ ဆေးလုံးက အကောင်းဆုံးအရည်အသွေး ရရှိမှာဘဲဖြစ်တယ်။

အဂ္ဂိရတ်ပညာကျင့်စဉ်နဲ့ပတ်သက်ပြီး (၈)မျိုးခွဲတယ်။

(၁)အခြေခံအဆင့်
(၂)အလယ်အလတ်အဆင့်
(၃)သခင်အဆင့်
(၄)ဆရာသခင်အဆင့်
(၅)ဘိုးဘေးအဆင့်
(၆)ဘုရင်အဆင့်
(၇)ဧကရာဇ်အဆင့်
(၈)နတ်ဘုရင်အဆင့် တို့ဘဲဖြစ်တယ်။

ဆေးလုံးတွေရဲ့အမျိုးအစားကတော့
(၁)အနိမ့်ဆုံးအဆင့်
(၂)အလယ်အလတ်အဆင့်
(၃)အမြင့်ဆုံးအဆင့်ဆိုပြီး သုံးမျိုးရှိတယ်။

အနိမ့်ဆုံးအဆင့်ရဲ့ ဆေးလုံး အရည်အသွေးဟာဆိုရင် ရောဂါရဲ့ ၁၀၀ပုံ ၁ပုံ လောက်ဘဲ အာနိသင်ကောင်းပြီး ဆေးစွမ်းက အစွမ်းမထက်တဲ့အမျိုးအစားပေါ့။

အလယ်အလတ်အဆင့်ရဲ့ ဆေးလုံးအရည်အသွေးကတော့ အတော်ကောင်းမွန်ပြီး ရောဂါရဲ့ အရင်းအမြစ်ကိုတောင် ဖြတ်တောက်ပေးနိုင်တဲ့အထိကောင်းမွန်ကျတယ်။

အမြင့်ဆုံးအဆင့်ရဲ့ ဆေးလုံးအရည်အသွေးကတော့ ပြောစရာမရှိအောင် အပြစ်အနာဆာကင်းမဲ့ပြီး ရောဂါကို အချိန်တိုအတွင်းမှာဘဲ လုံး၀ ပျောက်ကင်းစေနိုင်ပါတယ်။

I got a wife as the system حيث تعيش القصص. اكتشف الآن