8

518 72 29
                                    


Unicode

Sujiယာခင်းထဲရောက်တော့ ဟာရင်းက
သူ့သူငယ်ချင်းတွေနဲ့ တဟီးဟီး တဟား
ဟားလုပ်ရင်း အစေ့တွေကျဲနေသည်။
Sujiကို ကြက်ဥပြုတ်လုပ်ပေးခဲ့တယ်
ဆိုပြီး ထိုင်လှောင်နေမှာပေါ့။

Suji သူ့အနားလျှောက်သွားလိုက်ပြီး
သူ့နာမည်ခေါ်လိုက်သည်။

"ဘဲ့ ဟာရင်း။"

Sujiခေါ်တော့ ဟာရင်းက ရယ်နေရင်း
မှ လှည့်ကြည့်ကာ...

"ဘာလဲ မိန်းမလေးရဲ့။"

"မိန်းမလို့ မခေါ်နဲ့။ "

"ဘာလို့လဲ။ ငါတို့ လက်ထပ်ထားတာ
ဘဲလေ။ မိန်းမလို့ မခေါ်လို့ ဘယ်လို
ခေါ်ရမှာလဲ။"

"ငါတို့က ချစ်လို့ယူထားတာမဟုတ်..

"သိတယ်လေ။ ငါတို့ချင်း တစ်ယောက်
နဲ့ တစ်ယောက် မချစ်​ကြဘူး။ ဒါပေမဲ့
အခု ငါတို့ချင်း တစ်ယောက်နဲ့တစ်
ယောက် ဆိုင်သွားပြီးလေ။ ပြီးတော့
မိန်းမလို့ခေါ်ရတာ ကြိုက်တယ်။ "

Sujiရင်ထဲ အပျော်လှိုင်းလေး အနည်း
ငယ် ဖြတ်သွားပေမဲ့ မျက်နှာမှာအမူ
အရာမပေါ်စေဘဲ ဘဲ့ ဟာရင်းကို
မျက်စောင်းထိုးကာ...

"နင့်က ငါ့အကြောင်း မကောင်းပြော
နေတာလေ။"

"မပြောရပါဘူး မိန်းမရယ်။ "

"အဲ့တာဆို ဘာလို့ ရယ်နေလဲ။"

Sujiပြောတော့ ဟာရင်းက ရယ်ကာ
သူ့ သူငယ်ချင်းတွေဘက် လှည့်ပြီး...

"ရား... နင်တို့ဘဲ ပြောပြလိုက်တော့။
ငါတို့ ဘာအကြောင်းပြောလဲဆိုတာ။"

Dayeon- Sujiနင်ညက ဟာရင်းရဲ့
ရင်ခွင်ထဲမှာဆို...

Suji- အဲ့တာက...

Woo Yi - အချစ်ကလည်း မဂ်လာဦး
ညမှာ ဇနီးမယားအချင်းချင်း ရင်ခွင်
ထဲ ကျီစဲတာ ဘာဆန်းလဲ။

Suji- အဲ့လို မဟုတ်ပါဘူးဆို။

Eun Jung- အခုလည်း သဝန်တိုလို့
အနားရောက်လာတာ မဟုတ်လာ။

𝘛𝘩𝘦 𝘓𝘰𝘷𝘦𝘴 𝘖𝘧 𝘉𝘦𝘢𝘬𝘚𝘦𝘶𝘯𝘨 𝘝𝘪𝘭𝘭𝘢𝘨𝘦 Where stories live. Discover now