Unicode
"Arr... ဘဲ့ဟာရင်း...! ငါကြောက်
တယ်။ အခုလာခေါ်...။ "(shout)Sujiရဲ့အော်သံကြောင့် Harin ရေချိုး
ခန်းဘက် အပြေးလေးလာလိုက်သည်။
အနည်းငယ်မြင်နေရတာဘဲကို ထိုင်ချ
ပြီး အော်နေသည့် Sujiကို ကြည့်ပြီး
ဟာရင်း ရယ်ချင်လာသည်။"ဟဟား... ရား.. နင် တကယ်
အကြောက်ကြီးတာဘဲ။ မထင်ထား
ဘူး။""အီး... ရား.. ဓာတ်တိုင် ။ နင် အခု
ငါ့ကို ရယ်ဖို့လာတာဆို သွားလိုက်
တော့။""အဲ့တာဆို ငါသွားပြီး။"
"မသွားနဲ့လေ။"
"နင်ဘဲသွားခိုင်းပြီးတော့။ "
"ငါ သွားခိုင်းတိုင်း သွားရလာ။ ကြင်
နာစိတ်ကို မရှိဘူး။ ငါအခု နင့်မိန်းမ
နော်။"မိန်းမဆိုတဲ့ အသုံးအနှုန်းကြောင့်
ဟာရင်းပြုံးမိသွားသည်။ ထပ် မစချင်
တာကြောင့် ငိုနေတဲ့သူ့ကို သိုင်းချီလိုက်
တော့ ဟာရင်းလည်ပင်းကို အလန့်တ
ကြား ချိတ်တွယ်လာသည့် သူ။မျက်နှာချင်း နီးကပ်သွားသလို ဟာရင်း
သူ့မျက်နှာလေးကို ငေးကြည့်နေမိ
သည်။ ဟာရင်းလို သူ့နှာတံလေးမှာ
မှဲ့လေးနဲ့။"ဘာလို့ ချီလိုက်တာလဲ။ ဒီတိုင်း ခေါ်
သွားလည်း ရတာကို။ "Sujiပြောတော့ Harinက ပြုံးကာ..
"ချီချင်လို့လေ။"
ထူးဆန်းတယ်။ Sujiနှလုံးခုန်သံတွေ
အရမ်းမြန်နေသည်။ သူကြားမှာတောင်
ဆိုးသည်။"နင့် မျက်နှာလေးရဲနေတယ်။ နင်
ရှက်နေတာလာ။"..."
Suji ဘာမှပြန်မပြောတော့ Harin
ခေါင်းတခါခါနှင့် ပြုံးကာ အခန်းထဲ
ပြန်လာပြီး ကုတင်ပေါ်မှာ ချပေးလိုက်
သည်။Sujiက Harinကို ကြည့်မလာပါ။
သူ ရှက်နေတာလေးက ချစ်ဖို့ကောင်း
နေတာတော့အမှန်။"အိမ်ကို အခုမှ ရောက်တာဆိုတော့
မီးအိမ် ဘယ်မှာလည်း ငါလည်းမသိ
ဘူး။ ပြီးတော့ နင် ဒီမှာဘဲ အင်္ကျီလဲ
လိုက်လေ။ ငါ နင့်ကို ကျောပေးထား
မယ်။"
YOU ARE READING
𝘛𝘩𝘦 𝘓𝘰𝘷𝘦𝘴 𝘖𝘧 𝘉𝘦𝘢𝘬𝘚𝘦𝘶𝘯𝘨 𝘝𝘪𝘭𝘭𝘢𝘨𝘦
Fanfiction"ငါတို့တွေ အခုကစပြီး ပြိုင်ဆိုင်နေတာ ရပ်လိုက်ကြရအောင်။ " "ဟုတ်တယ်။ ရပ်လိုက်ကြရအောင်။"