အပိုင်း ၇၉ [ တစ္ဆေဈေး ] (4)

Start from the beginning
                                    

လင်ပန့်ရှ : "သူအောက်မှာရပ်နေတုန်းမျက်နှာပေါ်သွေးကျလာတာမထူးတော့ပါဘူး

"အရင်ရဲတိုင်ရအောင်"စုန့်ချင်းလော်ရဲ့တုံ့ပြန်မှုကလည်းလင်ပန့်ရှနဲ့အတူတူပဲဖြစ်တယ်

ဒါပေမဲ့သူတို့ဖုန်းထုတ်ဆက်ချိန်မှာ ဖုန်းလိုင်းမမိဘူး ရိရှင်းဟယ်ကမတတ်နိုင်စွာဖြင့် : "ဖုန်းဆက်လို့မရဘူးလိုင်းအဖြတ်ခံလိုက်ရတာလား"

ရုတ်တရက်လင်ပန့်ရှတစ်ခုခုကိုသတိပြုမိလိုက်၍စင်္ကြံဘေးဆီညွှန်ပြလိုက်သည် : "ဟိုကဘာလဲ?"

ကြည့်လိုက်တော့ စင်္ကြံလမ်းစွန်းမှရှုပ်ပွနေသည့်ခြေရာများကိုတွေ့လိုက်ရသည်။အဲ့ဒီခြေရာတွေကစင်္ကြံလမ်းအစွန်းကနေတစ်လမ်းလုံးပျံ့နှံ့နေလျက်မှောင်နေသည့်စင်္ကြံအဆုံးတွင်ပျောက်သွားသည်။

လင်ပန့်ရှ : "သွားကြည့်ကြမလား?"

စုန့်ချင်းလော် : "ငါသွားမယ်"

ပြောရင်းစင်္ကြံလမ်းအဆုံးဆီလျှောက်သွားသည်။နေရာမှာပဲလင်ပန့်ရှရပ်နေပြီးဖုန်းနှိပ်နေတဲ့ရိရှင်းဟယ်ကိုကြည့်နေရင်းစိတ်ရှုပ်နေသည်။ဒီထုံကျစ်တိုက်မှာလူဒီလောက်များတာကို မနက်မှာအားလုံးအလုပ်သွားတယ်ပဲထားပါတော့ တချို့လူကြီးတွေကျန်သေးတယ်လေ ဒါပေမဲ့ဒီတိုက်ထဲမှာလူမတွေ့ရဘူး အသံကြားတော့ထွက်မလာရဲတာများလား? လင်ပန့်ရှဒီလိုတွေးရင်းအနားကတစ်အိမ်ဆီလျှောက်သွားလိုက်ပြီးတံခါးခေါက်လိုက်သည်။အစကတော့ဒီတိုင်းစမ်းကြည့်ရုံဖြစ်ပြီးပွင့်လာဖို့မျှော်လင့်မထား ဒါပေမဲ့ခဏတောင်မကြာ တကယ်ပွင့်သွားသည်။ငယ်ရွယ်သည့်မျက်နှာဟာတံခါးနောက်တွင်ထွက်ပေါ်လာသည်။ငယ်ရွယ်တဲ့အမျိုးသမီးတစ်ယောက်ပဲ တံခါးအပြင်မှာရပ်နေတဲ့လင်ပန့်ရှကိုတွေ့ပေမဲ့လည်းမလှုပ်

"နီဟောင်"လင်ပန့်ရှပြောလိုက်တယ် "ခင်ဗျားကဒီမှာနေတာလား?"

အမျိုးသမီးကမတုံ့ပြန်

လင်ပန့်ရှ : "ခုနကမူမမှန်တဲ့အသံတစ်ခုခုကြားမိသေးလား?"

အမျိုးသမီးမှဖြေးဖြေးချင်းခေါင်းခါပြသည်။

အရိုးစုသရဲပန်းချီ「骷髅幻戏图」 Where stories live. Discover now