အခန်း(၁၈)

183 7 0
                                    

Unicode

" ဤကမ္ဘာ၏နှောင်ကြိုး " (18)

အခန်း_၁၈(နာကျင်ရမှန်း သိရက်နဲ့လည်း
ဒဏ်ရာတွေကြားမှာ ပျော်မွေ့ချင်မိသူလိုမျိုးပဲ မင်းအပေါ်ရူးသွပ်မှုတွေက ဆေးမရှိခဲ့ဘူး )

" ဟိုလူယုတ်မာက သတိပြန်ရလာပြီး
ကျွန်မတို့သမီးလေးကျ ခုထိသတိရမလာသေးဘူး
လောကကြီးကမတရားလိုက်တာ "

ဇနီးသည်၏စကားကြောင့် ယန်ကျစ်ယွီမှာ
သက်ပြင်းသာချလိုက်လေသည်။
ယိချူးအား ကားဖြင့်တိုက်မိသောမင်းသားဆိုသည်မှာ လွန်ခဲ့တဲ့တစ်လကပင်ပြန်လည်သတိရလာကာ ဆေးရုံမှဆင်းသွားခဲ့လေပြီ။
၎င်းမှာ ယာဉ်တိုက်မှု့အားလုံးဝမမှတ်မိဟုလည်းဆိုလေသည်။
ထိုမျှတင်မကသေ ၎င်းမှာ အတိတ်ပါမေ့သွားသည်ဟုလည်း ပါမောက္ခကျင်းထံမှထပ်မံကြားသိထားရသည့်အတွက် ဇနီးသည်မှာ
မကျေမနပ်ဖြစ်နေသည်။
ယာဉ်တိုက်မှု့အတွက်တရားစွဲမည်ဟုလည်း
မကြာခဏပြောဆိုနေသည်။
မင်းသား၏ဖခင်နှင့် မန်နေဂျာဆိုသူတို့ကတော့ မကြာခဏလာရောက်ကြည့်ရှု့ပြီး
တောင်းပန်စကားဆိုကြသည်။
မင်းသားရဲ့သူဌေးမဆိုသူကလည်း တရားမစွဲဖို့ အကြိမ်ကြိမ်လာရောက် ဖျောင့်ဖျပြီး
တောင်းပန်သည်။
သူမတို့မှာ လျော်ကြေးကိစ္စပါးစပ်ဟရန်ကလည်း သူတို့တက်နေတဲ့ဆေးရုံတောင်
ကိုယ်တွေကပိုင်တာဆိုတော့ တောင်းပန်ရုံအပြင်မတတ်နိုင်ခဲ့။
မင်းသားဆိုသူကတော့ ဆေးရုံမှာရှိတုန်းက
တစ်ကြိမ်လားသာ လာကြည့်ဖော်ရပြီး ထပ်မတွေ့ရတော့။
ဘာလိုလိုနဲ့ အိမ်ကသမီးသတိမေ့နေတာ
ခြောက်လကျော်သွားခဲ့ပြီ။
ကိုမာဖြစ်နေတာလားဆိုတော့လည်းမဟုတ်ပြန်ဘူး
တစ်ခါတစ်လေ သမီးရဲ့မျက်လုံးကနေမျက်ရည်ကျတတ်တယ်။
ဒီကလေး ဘယ်ဘဝဘယ်ကမ္ဘာတွေများရောက်နေလို့ စိတ်ဆင်းရဲငိုယိုနေရတာလဲလို့တွေးမိရင် ယခုလိုဖြစ်အောင်ဖန်တီးခဲ့ကြတဲ့
သမီးရဲ့သူငယ်ချင်းနှစ်ယောက်နဲ့ မင်းသားဆိုတဲ့ကောင်ကို မှတ်လောက်သားလောက်အောင်ဆုံးမလိုက်ချင်မိတဲ့အထိ။
သို့သော်လည်း ၎င်းတို့သုံးဦးဟာ ကိုယ့်သမီးရဲ့အချစ်ဆုံးသူတွေဖြစ်နေတာခက်တယ်။
အံ့ဩစရာတော့အကောင်းသား
အိမ်ကသမီးကိုကားနဲ့တိုက်မိသူက သမီးရဲ့အိုင်ဒေါလ်တဲ့လေ။
လောကကြီးကတော်တော်ဆန်းကြယ်တယ်။

" ဤကမ္ဘာ၏နှောင်ကြိုး "(Completed)Where stories live. Discover now