အခန်း(၅)

321 11 0
                                    

Unicode

" ဤကမ္ဘာ၏နှောင်ကြိုး " (5)

အခန်း_၅(လွမ်းဆွတ်ခြင်းတွေ အရိုးထဲစွဲလာတဲ့အခါ ကုရာနတ္တိဆေးမရှိ )

"ယိချူးဆိုတာ မင်းလား
မင်းက ရန်ယိကွမ်းရဲ့သမီးငယ်ဆိုတာပေါ့ "

" မှန်ပါတယ် "

သူမအားခြေဆုံးခေါင်းဆုံးကြည့်လျက်မေးမြန်လာသော ဖန်းမိဖုရားအား
ယိချူးသည်လည်းခြေဆုံးခေါင်းဆုံးတစ်ကိုယ်လုံးပါ သေချာစွာပြူးပြဲ၍ပြန်ကြည့်လိုက်လေသည်။

[ ဘုရင့်အချစ်ဆုံးမိဖုရားဆိုလို့ အလှပဂေးလားဘာလားထင်နေတာ
မြင်လိုက်ရတော့လည်းဘာမှမဟုတ်ပါလား
အသက်ကြီးသွားလို့များလား?]

" ရာရာစစ..ရိုင်းလိုက်တာ
မိဖုရားကိုတွေ့တာတောင်ဒူးမထောက်ပဲ
စူးစူးရဲရဲကြည့်နေသေးတယ် "

ထိုအထိန်းတော်ကြီး၏စကားအား
ယိချူးကဟာသပြက်လုံးတစ်ခုကိုကြားလိုက်ရသည့်အလား မထိတရိရယ်မောလိုက်လေသည်။

" ဟက်..! ဒူးထောက်ရအောင် ကျွန်မက
ရှင်တို့မိဖုရားကို ဂါဝရပြုဖို့လာတာမဟုတ်ဘူးလေ
သတိပေးဖို့လာတာ "

" နင်..!
အထိန်းတော်ကြီးနှင့်အပျိုတော်တစ်ယောက်မှ ယိချူးအားဖမ်းချုပ်ရန်ပြင်လိုက်ကြလေသည်။

" ရပ်လိုက်.! သူက ကျန်းမာရေးကောင်းတာမဟုတ်ဘူး
ဒီတိုင်းပြောပါစေ
ပြောပါ ငါ့ကိုတွေ့ပြီးဘာပြောချင်တာလဲ "

ယိချူးမှာ ဆယ်ယောက်နီးပါးခန့်ရှိသည့်
ရံရွှေတော်အုပ်စုဘက်မျက်စပြစ်လိုက်ရင်းဆိုလိုက်လေသည်။

" နှစ်ယောက်တည်းပြောချင်တာပါ "

ဖန်းမိဖုရားမှာ အတတ်နိုင်ဆုံးစိတ်လျှော့လျက် သူမ၏လူတွေအားအမိန့်ပေးလိုက်လေသည်။

" ကောင်းပြီ
မင်းတို့တွေအပြင်ထွက်နေကြ "

ယိချူး၏ခြိမ်းခြောက်မှု့အောင်မြင်ပါသည်။
ဖန်းမိဖုရားမှာ ရန်မိသားစုအား
နောက်နောက်ပြဿနာမရှာတော့ပါဟူသော
အပေးအယူဖြင့် သူမ၏လျှို့ဝှက်ချက်အား
ထိန်းသိမ်းစေခဲ့သည်။
ယိချူးကား ဖန်းမိဖုရား၏နန်းတော်ထဲမှ အောင်ပွဲရစစ်သူကြီးတစ်ယောက်၏ဂုဏ်ယူဝံ့ကြွားမှုမျိုးဖြင့် ပြန်ထွက်လာလေသည်။
သူမနောက်မှာကျန်ရစ်ခဲ့သော ဖန်းမိဖုရားမှာမူ သွေးတက်ကာကျန်ရစ်ခဲ့လေသည်။
ထိုအခါ နန်းတော်တစ်ခုလုံးပျာယာခတ်သွားကြပြန်တော့သည်။
ဖန်းအမတ်ချုပ်မှာ သမီးဖြစ်သူ မကြာခဏ
မေ့မျောနေသည့်အတွက်လာရောက်တွေ့ဆုံကာ အကြောင်းအရင်းအားမေးမြန်းလေသည်။

" ဤကမ္ဘာ၏နှောင်ကြိုး "(Completed)Where stories live. Discover now