အခန်း(၁၄)

227 10 0
                                    

Unicode

" ဤကမ္ဘာ၏နှောင်ကြိုး " (14)

အခန်း_၁၄(မင်းနဲ့ပတ်သတ်လာခဲ့ရင် လက်ချောင်းလေးတွေကအစ ကိုယ်သင်းရနံ့အဆုံး ကိုယ့်မှာငြင်းဆန်ခွင့်မရှိ အမိန့်မှန်သမျှကို သာယာယဇ်မူးခဲ့ရတယ် )

လီကျင်းချန်း၏အကြံအစည်မှာအောင်မြင်သည်ဟုပြောရမည်။
၎င်းတို့ လည်ပတ်လျှောက်သွားပြီးနောက်
ရက်များမကြာမှီမှာပင် ယိချူးနှင့်ပတ်သတ်သော ကောလဟလများပျောက်ကွယ်၍
ရန်ယိချူးလိုမိန်းမပဲဖြစ်ချင်တော့တယ်ဟူသော စကားတစ်ရပ်ပြောင်းသွားလေတော့သည်။
ထိုသို့ဖြစ်လာအောင်လည်း လီကျင်းချန်းသည် လူရှေ့သူရှေ့မရှောင် ယိချူးအား
ပွေ့ဖက်နမ်းရှိုက်ခဲ့သည်မဟုတ်လော့။
ထိုသတင်းမှာနန်းတော်အထိပေါက်ကြားသွားရာ မိဖုရားခေါင်းကြီးမှာ အိမ်ရှေ့စံအား
ခေါ်ယူ၍ဆူပူပါတော့သည်။

" ဒီလိုမိန်းကလေးမျိုးက မင်းရဲ့အိမ်ရှေ့စံမိဖုရားဖြစ်မလာတာကံကောင်းတယ်
ဘယ်လိုတောင် လူရှေ့သူရှေ့အရှက်မရှိလိုက်ကြတာ "

"ဒီလိုတွေဖြစ်လာအောင်
မယ်တော်နဲ့ဒီမိန်းမကလုပ်ခဲ့ကြတာလေ
ခုတော့ကောင်းရော "

မိဖုရားခေါင်းကြီး၏နန်းဆောင်မှထွက်လာပြီးနောက် အပြင်ဘက်သို့ရောက်သောအခါ
ကျောက်ဝမ်ရှန်းက ဟန်လဲ့ရှင်းအား ခနဲ့လိုက်လေသည်။

"'ဘယ်လိုလဲ မင်းချစ်တဲ့ကောင်က တခြားမိန်းမကိုချစ်ခင်ကြင်နာပြတာသိလိုက်ရတော့
အဆင်မှပြေရဲ့လား "

" အရှင့်သား..!
ခုချိန်မှာ ကျွန်တော်မျိုးမက အရှင့်သားလူဖြစ်နေပါပြီ
ယခုလိုထေ့ငေါ့တဲ့စကားတွေမပြောသင့်ပါဘူး "

" အရှင့်သားရဲ့လူ
ငါ့လူတဲ့လား
မင်းကိုယ်မင်း ငါမင်းသားရဲ့လူဖြစ်ပြီထင်နေတာလား
တခြားယောင်္ကျားတစ်ယောက်ကိုရင်ထဲထည့်ထားပြီး ငါ့လူလို့အရှက်မရှိပြောထွက်ရဲတယ်နော် "

ကျောက်ဝမ်ရှန်းက စိတ်တိုင်းကျပြောဆိုပြီးနောက် ထိုနေရာမှဦးစွာလှည့်ထွက်သွားခဲ့သည်။
ဟန်လဲ့ရှင်းမှာမူ ထိုနေရာ၌ပင်ရှက်ရွံ့စွာကျန်ရစ်ခဲ့လေသည်။
သူမမှာ မလှမ်းမကမ်း၌ရပ်နေကြသော
အပျိုတော်တွေအားရှက်ရွံ့လှသဖြင့် မျက်နှာပင်မဖော်ဝံ့တော့ပါချေ။
ထို့ကြောင့် သူမ၏နန်းဆောင်သို့သာအလျင်အမြန်ပြန်လာခဲ့ရလေသည်။
ဟန်လဲ့ရှင်းမှာ သူမ၏အကြံအစည်မအောင်
မြင်ပဲကျရှုံးသွားရသည့်အတွက် ယိချူးအပေါ်၌ ဒေါသပုံချမိကာ များစွာစိတ်တိုအမျက်ထွက်လျက်ရှိလေသည်။
သူမမှာ အကြံအစည်ကျရှုံးခဲ့ရုံတင်မက
အိမ်ရှေ့စံဆီကပါပြစ်တင်ပြောဆိုချင်းခံခဲ့ရသည်မဟုတ်ပါလား။

" ဤကမ္ဘာ၏နှောင်ကြိုး "(Completed)जहाँ कहानियाँ रहती हैं। अभी खोजें