အခန်း(၃)

362 19 1
                                    

Unicode

" ဤကမ္ဘာ၏နှောင်ကြိုး " (3)

အခန်း_၃(အမှတ်တရတွေက အလွမ်းအဖြစ်နဲ့ကိုယ့်ထံကိုပြန်လာတယ်
အတိတ်ကိုပြန်လှည့်ကြည့်တိုင်းနာကျင်ရတယ်)

"ရှင်းကျားရီ..!

" ချူးချူးသတိရလာပြီကြားလို့လာခဲ့တာ
သူ့အတွက် သူကြိုက်တဲ့မုန့်တစ်ချို့လည်းဝယ်လာခဲ့တယ်
ဘယ်လိုလဲ နေကောင်းသွားပြီလား "

ထိုမိန်းကလေးမှာ ပြောလဲပြော
ယိချူး၏နံဘေးသို့ဝင်ထိုင်လျက် နဖူးပေါ်အသာအယာလက်တင်လိုက်လျှင် ယိချူ၏လက်ကအလိုလိုပုတ်ချလျက်သားဖြင့်

" ငါ့အသားကိုမထိနဲ့ "

" ချူးအာ..အစ်မကိုဘယ်လိုဆက်ဆံလိုက်တာလဲ
ခုချက်ချင်းတောင်းပန်လိုက် "

" နေပါစေ သူကခုမှနေကောင်းခါစလေ
မဆူပါနဲ့ "

" ဟုတ်ပါတယ်သခင်လေး
သခင်မလေးက ဘယ်သူ့ကိုမှမမှတ်မိသေးပါဘူး
သူ့အကြောင်းတောင် မော့လီပြောပြလို့သိတာပါ "

မော့လီကပါဝင်ရောက်ရှင်းပြလျှင် လောင်လီအတုက စိတ်လျှော့လိုက်ဟန်ဖြင့်ဆို၏။

" ဒါဖြင့် ထားလိုက်တော့
ထပ်ပြီး မိတ်ဆက်ပေးမယ်
ဒီအစ်မက ဟန်လဲ့ရှင်းတဲ့
ငါနဲ့ရော မင်းအစ်ကိုနဲ့ရော သူငယ်ချင်းတွေ
နောက် ရိုင်းရိုင်းစိုင်းစိုင်းမပြုမူရဘူး
ကြားလား "

[ ဟက်..! အဲ့တာက ငါ့စောက်ကြောင်းလေ
ရှန့်လီ ရှန့်လီ နင်က ငါ့လောင်လီနဲ့ရုပ်ရည်တူတယ်ဆိုတိုင်း ငါ့ကိုအမိန့်လာပေးလို့မရဘူး
ငါမလုပ်ချင်တာဆို မိုးနတ်မင်းဆင်းခိုင်းတောင်မရဘူး နားလည်လား ]

" မော့လီ.! ငါမျက်နှာသစ်မယ်
ရေယူလာခဲ့
ဪ ဧည့်သည်ပြန်မယ်တဲ့ ပြန်ပို့လိုက် "

" ရန်ယိချူး..! "

ရှန့်လီဆိုတဲ့ကောင်ကတော့ သူမကိုဆူပူအော်ငေါက်လျက် ဟိုမိန်းမကိုတောင်ပန်းစကားဆိုကာလိုက်ပို့လေသည်။
[ ငါကွာ..ဒီကောင်လုပ်ပုံနဲ့ ငါ့လောင်လီ image တော့ပျက်ပါပြီ
ဒါ ဘယ်လိုအခြေအနေကြီးလဲ
သူတို့နှစ်ယောက်က ဟိုဒင်းတွေလား?]

" ဤကမ္ဘာ၏နှောင်ကြိုး "(Completed)Where stories live. Discover now