လုရှ ခေါင်းညိတ်လိုက်ပြီး " အင်း ရဲဘော်စူးအခုမှရောက်တာလား?"

စူးမန့်လည်းခေါင်းညိတ်လိုက်သည်။

" အင်းပါ ဒါဆိုမြန်မြန်သွားမှာလိုက်ပါ ကျွန်မတစ်ပတ်လောက်ပတ်ကြည့်လိုက်အုံးမယ် နောက်မှတွေ့မယ်‌ "

" အင်း!"

စူးမန့်ကိုနှုတ်ဆက်ပြီးနောက် လုရှသည်နိုင်ငံပိုင်စားသောက်ဆိုင်အဝင်ဝကိုရောက်လာကြတဲ့ ကုရှန့်နန်နဲ့ချန်ယွီကျောင်းတို့နဲ့ ဆုံလေသည်။ လုရှနဲ့ထိုနှစ်ယောက်သည်စကားစမြည်ပြောဖို့ မစီစဉ်ထားတာကြောင့် အချင်းချင်းခေါင်းညိတ်ပြလိုက်ကြပြီး ထွက်သွားတော့မလို့ပြင်လိုက်သည်။

ဒါပေမဲ့ ကုရှန့်နန်ကသူမကိုလှမ်းခေါ်လိုက်သည်။
" ရဲဘော်လု စားပြီးသွားပြီလား?"

လုရှသည်အံ့အားသင့်သွားခဲ့ပေမဲ့ ခေါင်းညိတ်ပြလိုက်ပါသေးသည်။
" အင်း ကျွန်မစောစောလာစားလိုက်တာ"

ကုရှန့်နန်ပြုံးလိုက်ပြီး " ဒါဆိုကောင်းပါပြီ ရဲဘော်လုလုပ်စရာရှိရင် သွားလုပ်လိုက်ပါ နောက်မှတွေ့ကြတာပေါ့"

သူ့စကားတွေကြားလိုက်ရတော့ လုရှသည်နားလည်ရခက်သွားသည်။ အထူးသဖြင့် သူမကသူမဆီမှစားစရာကိုလုယူဖို့ကြိုးစားနေတဲ့ ခွေးလေးတစ်ကောင်ဖြစ်သည့်အလား ချန်ယွီကျောင်းရဲ့သူမအပေါ်ထူးဆန်းတဲ့အကြည့်တွေကို သတိပြုမိလိုက်တဲ့အချိန်မှာပင်။ ဒါကသူမကိုပြောစရာစကားပျောက်ရှသွားစေသည်။

နောက်ဆုံးမှာတော့ သူမတိတ်တဆိတ်သာခေါင်းညိတ်ပြီး ထွက်လာခဲ့လိုက်သည်။

ထွက်လာခဲ့ပြီးနောက် လုရှသည်လမ်းကြားတစ်ခုကိုရှာကာ ကိုယ့်ကိုကိုယ်ရုပ်ဖျက်လိုက်သည်။ သူမသည်စုတ်ပြဲနေတဲ့အဝတ်အစားတွေဝတ်ဆင်လိုက်ကာ ပေကျင်းမှာတုန်းကဝယ်ခဲ့တဲ့မိတ်ကပ်ကိုသုံးပြီး သူမမျက်နှာကိုအနည်းငယ်အဝါရောင်သန်းသွားအောင် လိမ်းချယ်လိုက်သည်။ ထို့နောက် ခေါင်းပေါင်းပုဝါတစ်ခုဝတ်ဆင်ကာ ကျောမှာခြင်းတောင်းတစ်လုံးပိုးလိုက်သည်။

နောက်ဆုံးတွင် ခုနကတွေ့ခဲ့တဲ့မှောင်ခိုဈေးထဲဝင်လာခဲ့လိုက်သည်။ လတ်တလောတွင်သူမမှာရောင်းချစရာဘာမှမရှိတာကြောင့် ဒီတစ်ခေါက်မှာတော့ သူမကဘာမှရောင်းချဖို့မစီစဉ်ထားပေ။ သူမစိုက်ပျိုးထားတဲ့ကောက်ပဲသီးနှံတွေကမရင့်မှည့်သေးသလို ကျန်နေသေးတဲ့အနည်းငယ်က ငွေအများကြီးရနိုင်မည်မဟုတ်ပေ။ သူမဘာသာစားဖို့အတွက် သိမ်းထားတာကပိုကောင်းသည်။

အဆုံးမရှိတန်ခိုးထွားလှပါသောအမြောက်စာခင်ပွန်းသည်Where stories live. Discover now