အပိုင်း၃-၂

Start from the beginning
                                    

ထိုမနှစ်မြို့စရာကောင်းတဲ့အတိတ်ကိုပြန်တွေးမိတော့ စု့ချန်းအသက်ကိုခပ်ပြင်းပြင်းရှူလိုက်မိတယ်။ ပြီးမှခေါင်းကိုမသိမသာရမ်းလိုက်ရင်းနဲ့ " ငါခဏလောက်ထပ်နေရင်ပြီးပြန်မယ်လေ။ မင်းလုပ်စရာရှိတာအရင်သွားလုပ်ချည်လေ။ မွေးနေ့ပါတီကိုပျော်ပျော်ပါးပါးဖြတ်သန်းချည်။ " လို့ဆိုလိုက်တယ်။

ယဲ့ယွီစိမ်းသူ့ကိုကြည်းရင်း အဆင်ပြေတာသေချာကာမှ အပြုံးလေးတစ်ခုနဲ့နှုတ်ဆက်ပြီး ဝိုင်ခွက်ကိုကိုင်ပြီးထိုနေရာကနေထွက်လာခဲ့တယ်။

စု့ချန်းသူ့နောက်ကျောကိုငေးကြည့်နေရင်းနဲ့ လူအုပ်ကြားထဲမှာ လိပ်ပြာလေးတစ်ကောင်အလား သွားလာလှုပ်ရှားနေတဲ့ပုံရိပ်ငယ်ကိုငေးမောနေမိတယ်။သူရှေ့မှာရှိနေတဲ့ တစ်ဖက်လူက ဘယ်လိုလူမျိုး ၊ ဘယ်လိုလိင်အမျိုးအစားဖြစ်နေနေ သူ့အပေါ်အကျိုးသက်ရောက်မှုမရှိသလိုမျိုး သက်တောင့်သက်သာအေးအေးဆေးဆေးနဲ့ ပုံမှန်လေးအတိုင်းပဲ။

ဘီတာဆိုတာဒါပဲလေ။

( ကိုယ်ထင်တယ်မဖော်ပြပေမဲ့ သူ့စိတ်ထဲမှာဘီတာတစ်ယောက်ရဲ့ ဘဝက သူလိုချင်တဲ့ အနေအထားပဲလို့ ။ တကယ်တော့အိုမီဂါတစ်ယောက်ဖြစ်ရတာ မလွယ်ကူဘူးရယ်။ )

ဖယ်ရိုမုန်းတွေရဲ့သက်ရောက်လွှမ်းမိုးမှုခံရနှုန်းမှာအလွန်ပင်နည်းလွန်းလှသည်။နောက်ပြီး အချိန်တိုင်းရှင်းလင်းနေတဲ့ ကိုယ်ပိုင်ထိန်းချုပ်လို့ရတဲ့အတွေးအာရုံတွေ။ပစားပေးခြင်းခံရသော စည်းမျဉ်းမူဝါဒများမရှိသိလို အမျိုးစုံလှသော စည်းကမ်းသတ်မှတ်ချက်များနဲ့ ကန့်သတ်ထိန်းချုပ်ထားခြင်းမရှိတဲ့အတွက်စိတ်ပူပန်နေစရာလဲ မလိုပေ။

စု့ချန်းသူ့ရဲ့ခြောက်သွေ့စပြုနေတဲ့နှုတ်ခမ်းတွေကို လျှာနဲ့သပ်လိုက်တယ်။

အတော်လေးကြာမှ သူ့အကြည့်တွေကိုပြန်ရုတ်သိမ်းလိုက်တယ်။ နောက် လက်ထဲကဖန်ခွက်ထဲမှာကျန်နေတဲ့ ဝိုင်ကိုတစ်ကြိုက်တည်းမော့သောက်လိုက်ပြီး ပန်းခြံကလမ်းကျဉ်းလေးထဲကိုလှည့်ဝင်သွားလိုက်တယ်။

သွားနေရင်းလမ်းတစ်ဝက်မှာပဲ သူ့ခြေထောက်တွေက ရပ်တန့်သွားခဲ့တယ်။ ဖြောင့်တန်းနေခဲ့တဲ့ မျက်ခုံးအစုံဟာလဲတစ်ဖြေးဖြေးနဲ့ တွန့်ချိုးလို့လာတယ်။

小甜A誰不喜歡?( မြန်မာဘာသာပြန် )( Unicode )Where stories live. Discover now