"ဂူး.... ထမင်းမစားရင်တောင် ခနလောက် အိပ်လိုက်ပါလားကွယ် ။ ဂူးကျမ်းမာရေး ထိခိုက်လိမ့်မယ် "

"ခနလေးပါပဲ အမရယ်... မောင်လာတော့မှာပါ။
ဂူး.. မောင့်ကို စောင့်ချင်သေးတယ်"

ခြံပေါက်ဝလေးကို စိုရွှဲနေသော မျက်လုံးလေးဖြင့်
မျှော်ငေးကာ....မောင် မလာမှန်း သိပေမဲ့ မျှော်နေမိပါရဲ့

"အမုန်းမရှိဘဲ လမ်းလွှဲတော့မဲ့ ဆက်ဆံရေးမှာ
ဘယ်သူ တစ်ဦးတစ်ယောက်ကိုမှ အပြစ်မတင်ချင်တော့ပါဘူး မောင်ရယ်...."

ဂူး၏ စို့နင့်နေသော စကားတွေကို မောင်တစ်ယောက် ကြားများကြားနေပါ့မလား ။

မောင်ကရော... သူ့အမျိုးသမီးနဲ့ ပျော်နေပါ့မလား ။

သေချာတာတစ်ခုကတော့ ယခု မောင့်တို့မိသားစု
ညစာ စားဝိုင်း၌ မင်္ဂလာပွဲအကြောင့် ဆွေးနွေးနေ၏

"သမီး သံသာက ချစ်စရာလေးပဲ ။ အန်ကယ်တို့က
သမီးကို ချွေးမတော်ချင်တာ သမီးလက်ခံရဲ့လား"

"ဟုတ် အန်ကယ်.."

မောင်၏ နုတ်ခမ်းမှာ ပြုံးရယ်ခြင်းမရှိ တိတ်ဆိတ်နေပြီး ဂူးအဆင်များပြေပါ့မလားဟူသော အတွေးများပင် ပျံ့လွင့်နေပြီး စိတ်ပူနေမိတာအမှန်ပင်

" သန့်စင်ခန်းခနသွားချင်လို့ ကျနော့်ကို ခွင့်ပြုပါဦးဗျ"

မောင်တစ်ယောက် ထမင်းစားနေရင်း သန့်စင်ခန်းဘက် ထွက်လာပြီး အလိုလိုစီးကျလာသော မျက်ရည်များကိုပင် သုတ်၍ ဆေးလိပ်သောက်ရန် ဟန်ပြင်နေချိန် ဂူးအကြောင်းမှာ ခေါင်းထဲသို့ အဆက်မပြတ်ပင် ဝင်လာ၏ ။

"ဂူး.... မောင်အခု ဆေးလိပ်သောက်နေတယ်လေ။
ဟောဒီက လူဆိုးကြီးကို လာဆူပါဦးကွာ.......
အရင်ကလို မောင် ဆေးလိပ်သောက်ရင် စိတ်ကောက်ဖို့
အမြန်လာပါတော့ကွာ.... ကျစ်...

မောင်လေ ဂူးကို အရမ်းချစ်တယ် ။ မောင့်မိန်းမလေး
ဘေးကင်းဖို့အတွက် မောင်လုပ်သင့်တာ လုပ်ခွင့်ပြုပါနော်။
မောင် မင်းကိုတော့ ကာကွယ်ပါရစေကွာ..."

မောင့်မှာ ယောကျာ်းတန်မှန့် ငိုနေမိတာ... ဘာကြောင့်များလည်း...။ အချစ်ဆိုသော အရာက သက်ရှိတွေအတွက်ဆိုပေမဲ့ သက်ရှိတိုင်းအတွက်တော့ ရှိမနေပေ။

One Night StandWhere stories live. Discover now