အခန်း(၁၃)

Zacznij od początku
                                    

" ဘာအကြောင်းထူးများရှိလို့ပါလိမ့်
အိမ်ရှေ့စံမိဖုရားက ကိုယ့်နန်းဆောင်အရင်ပြန်နှင့်လိုက်ပါ "

" ခဏလေး
သူမကိုပါ ငါပြောစရာရှိတယ် "

ထိုက်ယန်မင်းသမီးကြီးမှာဤသို့ဆိုလျက်
ခပ်တည်တည်ပင် ထိုနှစ်ယောက်၏
မျက်နှာချင်းဆိုင်၌ဝင်၍ထိုင်လိုက်လေသည်။

" ယောက်မ..!
ကျွန်မကဘယ်သူလဲ "

" ကျွန်မရဲ့ယောက်မတော်
မင်းကြီးရဲ့အစ်မတော်လေ "

ထိုအခါ ထိုက်ယန်မင်းသမီးကြီးကပြုံးလိုက်လေသည်။

" တော်သေးတာပေါ့ သတိရသေးတာ
အဲ့ဒီတော့စကားပြောရတာပိုလွယ်သွားပြီ
ယောက်မ..! သေချာနားထောင်နော်
ယောက်မရဲ့သွေးသားကပဲသွေးသားမဟုတ်သလို၊ ယောက်မရဲ့သားသမီးကပဲ တန်ဖိုးရှိတာမဟုတ်ပါဘူး
ငါ့သားကလည်း ငါ့အတွက်တန်ဖိုးထားရသူပါ
သူ့အတွက်ဆို ငါ့အသက်ကိုတောင်ပေးရဲပါတယ်
ချူးအယ်အတွက်လည်းထို့အတူပဲ
နောက်ထပ် ယခုလိုမျိုး ယုတ်မာတဲ့နည်းလမ်းတွေထုတ်သုံးမယ်ဆို ငါက ငြိမ်နေမှာမဟုတ်တော့ဘူးနော် "

မိဖုရားခေါင်းကြီးမှာ မည်သည့်စကားမျှပြန်လည်၍မဆိုနိုင်ရှာပါ
သူမမှာ အံ့ဩထိတ်လန့်နေရကား ဆွံ့အနေမိလေသည်။
ဟန်လဲ့ရှင်းကား မိဖုရားခေါင်းကြီးအစား
ဝင်ရောက်ဖြေရှင်းရန် ပါးစပ်ဟလိုက်စဉ်မှာပင်...

" ဪ ပြီးတော့အိမ်ရှေ့စံမိဖုရား..!
ဒီနေရာဒီရာထူးနဲ့ မင်း..တကယ်လိုက်ဖက်တယ်
ဒီယောက္ခမနဲ့ဒီလိုချွေးမ တကယ်လိုက်ဖက်ကြတာပဲ
ငါ့ချွေးမဖြစ်မလာတာ ငါတကယ်ကံကောင်းတယ်
ငါ့သားရှန့်လီကလူကြည့်တဲ့အမြင်က ဒီမအေထက်သာတယ်
ဒါကြောင့် မင်းမဟုတ်ပဲ ချူးအယ်ကိုရွေးချယ်လိုက်တာပေါ့ "

" ယောက်မ.!

ဟန်လဲ့ရှင်းကား မျက်ရည်ဝဲသွားလျက်
မိဖုရားခေါင်းကြီးက အော်ဟစ်လိုက်လေသည်။

" ခဏ..ငါ့စကားမဆုံးသေးဘူး
လက်ရှ်ိမှာ ငါ့မယ်တော်အရင်းကြီးက သက်ရှ်ိ
ထင်ရှားရှိနေသေးတယ်နော်
အဲ့တာက မင်းကြီးရဲ့မယ်တော်လည်းဖြစ်တယ်
ငါသာ မယ်တော့်ဆီလျှောက်တင်လိုက်ရင်
အိမ်ရှေ့စံရဲ့နေရာက ယခုလိုတည်မြဲနေဦးမယ်လို့ထင်လား "

" ဤကမ္ဘာ၏နှောင်ကြိုး "(Completed)Opowieści tętniące życiem. Odkryj je teraz