Harinပုံစံက စ,နေပုံမပေါ်တာမို့ Suji
ခေါင်းငြိမ့်လိုက်သည်။ Harinကျော
ပေးတာ သေချာပြီးဆိုမှ Sujiသူမရဲ့
ပန်းနုရောင် pajamaလေးကို အမြန်
လဲလိုက်သည်။

"ငါ... ပြီးပြီး။ နင် လဲလေ။ ငါကျော
ပေးထားမယ်။"

"အင်း။"

Sujiကျောပေးထားတော့ Harinလည်း
Sujiနှင့် ဆင်တူဖြစ်နေသည့် သူမရဲ့
အပြာနုရောင် pajamaကို လဲလိုက်
သည်။ ဒါပေမဲ့ Harinက ဘောင်းဘီ
ရှည်။ Sujiကတော့ ပေါင်တို။

အနောက်ကကြည့်တော့ Sujiက သေး
သေးလေး။ ဟာရင်း ကိုင်ပေါက်လို့
တောင် ရနေသည်။ ဒါပေမဲ့ အဲ့အစား
အသေးလေးကို ရင်ခွင်ထဲ ဖက်ထား
ချင်သွားသည်။ အူယားစရာကောင်း
နေတာမို့။

"ငါ ပြီးပြီး။"

Sujiလှည့်ကြည့်လိုက်တော့ Harin
ရဲ့ ဘောင်းဘီက အရှည်ဖြစ်ပြီး Suji
က အတိုလေးဖြစ်နေသည်။

အမေတို့က မတရားလိုက်တာ။ Suji
ကိုကျတော့ ပိုပြီးမိန်းကလေးဆန်တာ
ကြီး လုပ်ပေးထားတယ်။ နဂိုထဲက
မှ အရှည်ကောင်က အောက်ထပ်လူ
သားလို့ Sujiကို တွေးနေတာကို။

"အရမ်းချောတာ သိပေမဲ့ တော်ရုံဘဲ
ငေးပါ Sujiရဲ့။ ငါအခု နင့် Darling
ဖြစ်နေပြီးလေ။ နောက်ဆို အားတိုင်း
ငါ့ကို ​ကြိုက်သလောက် ကြည့်လို့ရ
ပြီး။ "

မျက်နှာရူးလို့ပြောရင်လည်း လွန်ရာ
ကျအုံးမယ်။ မျက်စောင်းထိုးပြီးသာ
Sujiကုတင်ရဲ့ ဘယ်ဘက်ခြမ်းမှာ
ဝင်လှဲလိုက်သည်။

Harinကို မျက်စောင်းထိုးသွားတဲ့
အသေးလေးကြောင့် ပြီတီတီသာ
ပြုံးနေမိသည်။ အသေးလေးက သရဲ
ကြောက်တယ်ဆိုတော့ အဟင်း...။

"ငါ တခြားအခန်းမှာ သွားအိပ်လိုက်
မယ်နော်။"

"ခဏ...!"(shout)

Sujiက အသံကျယ်သွားပြီးမှ Harin
ကို ဆက်မကြည့်တော့ဘဲ အသံတိုးတိုး
နှင့်...

"ဒီညတော့ ဒီမှာဘဲ အိပ်ပါလာ။"

Harinကြားပေမဲ့ မကြားချင်ယောင်
ဆောင်ကာ..

"ဘာပြောတယ်။"

"ဒီည ငါနဲ့အတူအိပ်လို့။ မနက်ဖြန်မှ
တခြားအခန်းသွား။ "

𝘛𝘩𝘦 𝘓𝘰𝘷𝘦𝘴 𝘖𝘧 𝘉𝘦𝘢𝘬𝘚𝘦𝘶𝘯𝘨 𝘝𝘪𝘭𝘭𝘢𝘨𝘦 Where stories live. Discover now