အပိုင်း၃၃ သမိုင်း နှင့် သူ့အကြောင်း

Start from the beginning
                                    

သူတို့ဟာ နှစ်တစ်နှစ်ရဲ့ လပြည့် တနီးအားဖြင့် သွေးနီရောင်ပြည့်သော လပြည့်ညမတိုင်မှီ ယစ်ပူဇော်၍ သူတို့မျိုးနွယ်အား စောင့်ရှောက်ဖို့ ဆုတောင်းကျတတ်တယ်။ သူတို့အလှည့်မှာ မကျရောက်သေးသည့်အတွက် ပိုးစိုးပက်ဆက် အနိုင်ကျင့်ခံရတော့တယ်။

အနာဂတ်သခင်လောင်းဖြစ်ခဲ့သော သူ့ဖခင်၏ အမွေအား ဆက်ခံထားသောသူဟာ အင်မတန်မှကို ထူးချွန်ထက်မြက်လှသည်။ ထိုသို့ နည်းမျိုးစုံဖြင့် နှိပ်စက်မှု ဒဏ်ကို ခံစားရသောသူဟာ ထိုနှိပ်စက်မှုဒဏ်ဖြင့် ကိုယ့်ကို ကို လေ့ကျင့်တယ် သူ့နည်းတူ အနှိပ်စက်ခံများမှာ သု့အားလေးစားနာခံကျသည်။

သူတို့ဟာ ထိုလူတို့အား လက်စားချေနိုင်မယ့်နေ့အား စောင့်မျှော်ကာ အရိုးကြေကြေ အရည်ခမ်းခမ်း လေ့ကျင့်ကြတော့တယ်။ သူ့ရဲ့ထိုသူ‌ေတွအ‌ေပါ်မုန်းတီးစက်ဆုပ်မှုဟာ သူတို့ရဲ့ တော်၀င်သွေးမျိုးဆက်အား နိုးထအောင် အထောက်အကူပြုခဲ့ရာ

ထိုသူများအား အမြစ်ဖြတ်သတ်ဖြတ်ခဲ့တယ်။သူတို့ဆွေစဉ်မျိုးဆက်တစ်ယောက်မကျန် သူတို့ ပြုလုပ်ခဲ့သလို နည်းလမ်းနဲ့ အဂ်ါတွေကို တစ်စဆီ ဆွဲဖြတ်ပြီး ဘယ်သူမှပြန်တိုက်ခိုက်လို့မရတဲ့အထိ သူ့အကွက်ထဲ ၀င်အောင် လုပ်ပြီး သူတို့ရဲ့ နည်းလမ်းအတိုင်း အဲ့နေ့မှာ အကုန်လုံးအားယစ်ပူဇော်ခဲ့တယ်။

သုတို့ နှိပ်ဆက် ခံရတုန်းက ၀င်လည်းမပါသလို အကူအညီမပေးခဲ့သူများကိုတော့ ထိုလူတွေရဲ့ သေချင်းတရားဖြင့် နောက်မလုပ်ရဲအောင် ဖိနှိပ်နိုင်ခဲ့တယ်။

ဤသို့ဖြင့် သူဟာ ဒီမျိုးနွယ်စုရဲ့သခင် ဘယ်သူမှ စော်ကား ထိပါးခွင့်မရှိတဲ့ သူတစ်ဦးဖြစ်လာခဲ့တယ်။ အရာရာကို ခွန်အားနဲ့သာ ဆုံးဖြတ်သော ဒီကမ္ဘာကြီးအား သူ့ခွန်အားနဲ့ သက်သေပြခဲ့တယ်။

ဘယ်အရာမှ မျက်တောင်တစ်ချက်မခတ်ဘဲ သတ်ပစ်နိုင်လောက်သည်အထိ သူဟာ ရက်စက်ခဲ့သည့်အတွက် သူ့ကို ဘယ်သူတစ်ဦးတစ်ယောက်မျှ အကြည့်နဲ့တောင်ပြစ်မှားဖို့ သတ္တိမရှိကျတော့ပေ။

သူပုလ္လင်အား သိမ်းပြီးနောက် ဝါဒီဆွဲများအား ဖယ်ချပစ်ကာ တန်းတူညီတူစနစ်ဖြင့် အားလုံးအား အုပ်ချုပ်ခဲ့တယ်။ လိင်တူချစ်နှစ်သက်ခြင်းအား ခွင့်ပြုခဲ့သလို ထိမ်းမြှားလက်ထက်ခွင့်ပါ ချမှတ်ပေးထားတော့တယ်။

ထိုသို့ဖြင့် ထပ်မွေးဖွားလာသော လိင်အဂ်ါနှစ်မျိုး နှင့်ကလေးများမှာ နောက်ထပ်အနိုင်ကျင့်ခံရစရာမရှိတော့ပေ။

သို့သော်လည်း သူ့အား လုပ်ကြံချင်သူအချို့ကတော့ရှိနေသေးတယ်။သူဟာ တခြားသူများနှင့်မတူ လပြည့်နေ့တိုင်း မိတ်လိုက်စရာမလိုဘဲ သွေးလပြည့်နေ့မှသာ ထိန်းချုပ်မှုလွတ်ကင်းတတ်သည်။ ထိုသည်ကိုအခွင့်ကောင်းယူကာ သူ့အား သတ်ချင်ကျသည်။ထိုသူတို့၏ လုပ်ဆောင်မှုအား ကိုယ့်ပါးကိုယ်ပြန်ရိုက်မိအောင် သူဟာ အကွက်ကျကျပြန်လုပ်ဆောင်ပေးခဲ့တယ်။

ပထမဆုံးလပြည့်နေ့တုန်းက သူ့အခန်းထဲ မြေခွေးပျိုမတစ်ဦးအား ဖြားယောင်းစေပြီး အဆိပ်ခတ်စေတယ်။သူဟာ ထိုမိန်းမအား အပိုင်းပိုင်းဖြတ်စေကာ ထိုလူ၏ အိမ်သို့ ကျေးဇူးတင်ခြင်းအထိမ်းအမှတ်အနေနဲ့ ပို့စေကာ သတိပေးခဲ့သည်။

ထိုအရာကို လက်ခံရရှိသော ထိုသူဟာ ကြောက်ရွံ့ကာ သူ့အားဒူးထောက်တောင်းပန်၍ နောက်မလုပ်တော့ပါဘူးဟုတောင်းပန်ခဲ့သည်။ သူကလွယ်လွယ်နဲ့ထိပါးလို့မရတာကို ထိုသူတွေမျက်မြင်သက်သေဖြစ်သွားအောင် အကုန်လုံးရှေ့၌ သတိပေးခဲ့သည်။

ဒါပေမယ့် ဒုတိယ တတိယ တစ်ခါဆိုတာ ထပ်ရှိလာသည့်အခါမှတော့ ထိုလူတွေအား အများရှေ့၌ သတ်ဖြတ်ပစ်ကာ ဆွေစဉ်မျိုးဆက်များအား သတ်ဖြတ်၍ ကျူပင်ခုတ် ကျူငုတ်တောင်မကျန်စေရအောင် လုပ်ပြီးနောက် အကုန်ငြိမ်သွားကာ ဘယ်သူမှ မလုပ်ရဲကျတော့။

အကုန်လုံး သူ့အား ကြောက်ရွံ့ရိုသေကျတော့တယ်။

A/ N အားလုံးဘဲ သတိထားနေထိုင်ကျပါနော်။အခုအခြေအနေက တအားဆိုးနေကျတယ်။အိမ်ထိတက်ဆွဲတာ ကိုယ်တွေနားမှာ။ မိန်းကလေးတွေမခေါ်သေးဘူးဆိုပြီး အိမ်မှာ ယောကျာ်းလေးဆိုလို့ အသက်ကြီးပိုင်းဘဲရှိတာကိုလေ ကိုယ်နဲ့ကိုယ့်အမပါသွားတယ် ။ ဘာမှကို လုပ်ချင်စိတ်မရှိတော့အောင်စိတ်ဓာတ်ကျမိတယ်။ ယူတို့လည်းသွားသတိလာသတိနဲ့နေကျပါလို့ဘဲ ကိုယ်ကတော့ပြောချင်တယ်။အားလုံးဘေးကင်းကျပါစေလို့လည်း ဆုတောင်းပေးပါတယ်။🙏🙏

I got a wife as the system Where stories live. Discover now