အခန်း(၁၁)

Start from the beginning
                                    

ဤသို့ဖြင့် တော်ဝင်မင်္ဂလာပွဲအပြီး
ရက်သတ္တပတ်ခန့်ကြာသောအခါ
ကျင်းချန်းခေါ်ရှန့်လီ နှင့် ရန်ယိချူးတို့အား
မင်္ဂလာပွဲချီးမြှင့်လိုက်ကြောင်း မင်းကြီး၏
အပါးတော်မြဲကုန်းကုန်းနှင့် ဟန်လဲ့ရှင်းဖခင်ထုံးတမ်းရေးရာအမှတ်ကြီးကိုယ်တိုင်ပါလာရောက်၍မင်းကြီး၏အမိန့်တော်အားမိန့်ကြားသွားလေသည်။
ထိုအမိန့်ထုတ်ပြန်ချက်ရပြီးသည်နှင့်
ရှန့်အိမ်တော်၌ချက်ချင်းပင် မင်္ဂလာပွဲအတွက်ပြင်ဆင်ကြတော့သည်။
အပျော်ဆုံးလူသားမှာ လီကျင်းချန်းမဟုတ်သလို ယိချူးလည်းမဟုတ်ခဲ့
မော့လီဖြစ်နေချေသည်။
သူမမှာ မင်္ဂလာပွဲစီစဉ်နေသောတလျှောက်လုံး၌ တဟီးဟီးအူမြုးနေခဲ့သဖြင့် ထိုက်ယန်မင်းသမီးကြီးမှာ သတိပေးယူရတဲ့အထိပင်။
မော့လီနည်းတူ ရန်ရုံသည်လည်းပျော်ရွှင်နေသည်။
သူမမှာ ချစ်ရသောတူမလေးအား တူမနှစ်ထပ်ကွမ်းတော်ရတော့မည်မဟုတ်လား
အားလုံးပင်အလုပ်ကိုယ်စီရှုပ်နေကြချိန်ဝယ်
လီကျင်းချန်းမှာ အိမ်တော်အပြင်ဘက်သို့
ခြေလှမ်းပြင်နေသဖြင့် မိခင်ဖြစ်သူမှလှမ်း၍
မေးလိုက်လေသည်။

" ဟဲ့.. သား..!
မင်း ဘယ်သွားမလို့လဲ
ခဏနေရင် ဝတ်စုံစမ်းဝတ်ကြည်ရမယ်လေ "

" ပြန်လာမှဝတ်ကြည့်တော့မယ်
ယိချူးဆီခဏသွားမလို့ "

"ဟဲ့..ဒီသားကတော့လေ
မင်္ဂလာပွဲမတိုင်ခင် သတို့သမီးကိုမတွေ့ရဘူးဆိုတာနားမလည်တာလား
ဘာလို့ ယိချူးဆီပဲသွားနေတယ်မသိပါဘူး
မနက်ဖြန် သဘက်ခါဆိုရင်ပဲ တသက်လုံး
အတူနေရတော့မှာကို ပိုကိုပိုတယ် "

ထိုက်ယန်မင်းသမီးကြီး၏စကားကြောင့်
အိမ်တော်ရှိလူအားလုံးမှာ သဘောတကျရယ်
မောလိုက်ကြလေသည်။

<တဖက်တွင်လည်း မဟာစစ်သူကြီးစံအိမ်၌>

မင်္ဂလာလက်ဖွဲ့ပစ္စည်များ လာရောက်လက်ဖွဲ့ကြသူများမှာလည်း ဝင်လာမစဲတသဲသဲ၊
ယိချူးကား သူမကြည့်ဖူးသောဇာတ်လမ်းတွဲများမှ ဇာတ်ဝင်ခန်းအား ကိုယ်တိုင်တွေ့ကြုံနေရသဖြင့် အိမ်မက်ပမာမယုံကြည်နိုင်ဖြစ်နေရလေသည်။
ထို့ကြောင့် သူမမှာ မိမိကိုယ်ကိုယ်မကြာခဏဆိတ်ဆွဲနေမိလေသည်။
ယိချူးမှာ သူမ၏အခန်း၌မနေပဲ အပြင်သို့ထွက်ခါစပ်စုနေသဖြင့် သူမ၏ဖွားတော်မှ
လှမ်း၍ဆူပူလိုက်လေသည်။

&quot; ဤကမ္ဘာ၏နှောင်ကြိုး &quot;(Completed)Where stories live. Discover now