Part I

1.7K 54 10
                                    

ကျွန်မငယ်ငယ်က ကျောင်းဆရာမ သိပ်ဖြစ်ချင်ခဲ့သည်။ တစ်ဦးတည်းသော သမီးဖြစ်တဲ့ ကျွန်မက မိသားစုလုပ်ငန်းကို ဆက်ခံရမည်ဟူသော မိဘတွေရဲ့ ဆန္ဒကြောင့် ကျွန်မ အဝေးသင် E Major နဲ့ပဲ ကျောင်းပြီးခဲ့ရသည်။

ကျွန်မလို ကျောင်းဆရာမ ဝါသနာပါပြီး ပညာရေးလမ်းကြောင်းပေါ် ဆက်လျှောက်လှမ်းခဲ့တဲ့ ကျွန်မ သူငယ်ချင်းတွေကတော့ ကိုယ်ပိုင်ကျောင်းတစ်ခု စပ်တူ တည်ထောင်ထားကြသည်။

ကျွန်မကလည်း ရုံးဆင်းချိန် ကျွန်မကိုယ်ပိုင် အချိန်၌ ငွေကြေးမတတ်နိုင်တဲ့ ကလေးငယ် တချို့ကို ညကျောင်း(ကျူရှင်) သဘောမျိုးစာသင်ပေးဖြစ်သည်။

သူတို့ဆန္ဒလည်းဖြည့်စွမ်းထားသည်မို့ ကျွန်မ အခုလို ကျူရှင်သင်နေတာကိုတော့ မိဘတွေက ကန့်ကွက်ခဲ့ခြင်းမရှိပါ။

"သမီး နက်ဖြန် ဟိုဘက်အိမ်ကို အသစ်ပြောင်းလာတဲ့‌မေမေ့သူငယ်ချင်းက ဆွမ်းကပ်တဲ့ လာဖိတ်ထားတယ် မေမေ့နောက် လိုက်ခဲ့ပါလား"

"ရတယ်လေ မေမေ သမီးလည်း ရုံးပိတ်တယ်ဆိုတော့ အားနေတာ"

"အေအေ...မနက် ၇နာရီနော် ကလေး"

"ဟုတ်ကဲ့မေမေ"

မေမေက ရပ်ကွက်ထဲ သာပွဲ နာပွဲ သူသွားသမျှ ကျွန်မကို အဖော်အဖြစ်အမြဲလိုလို ခေါ်သွားတတ်သည်။

ဖေဖေကတော့ အလုပ်များသူမို့ သူအစား ငါ့သမီးက အဖော်ပြုပေးပါလို့ ပြောဖူးတာကြောင့် သမီးမိန်းကလေးဖြစ်တဲ့ကျွန်မက မေမေ့အတွက်တော့ သူငယ်ချင်းတစ်ယောက် ပမာရှိနေပေးခဲ့သည်။

~~~~~

"သမီး...မနက်ကျ အစောကြီးထဖို့ မာမီလာနိုးမယ်နော်"

"ဟုတ်ကဲ့ မာမီ"

ဒယ်ဒီမရှိတော့တဲ့ ရွှန်းအတွက် မာမီကပဲ အဖေနေရာရော အမေနေရာကပါ ရပ်တည်ပေးခဲ့သည်။

ရွှန်း ဆိုးသမျှ ပြဿနာတိုင်းကို မာမီက မငြီးမညူလိုက်ဖြေရှင်းပေးခဲ့သည်။

မာမီက ရွှန်းအတွက် တိုင်ပင်ဖော် တိုင်ပင်ဖက်သူငယ်ချင်းဆိုလည်း မှန်ပါသည်။ မာမီကိုသာ အားကိုးရာမို့ မာမီက ရွှန်းကမ္ဘာအတွက် အချစ်ရဆုံးအမျိုးသမီးဖြစ်ပါသညိ။

တီချယ့်ကိုပဲ အသည်းစွဲအောင် ချစ်မိသည်Where stories live. Discover now