Unicode
အမျိုးသားဇာတ်လိုက်၏ မိခင်အဖြစ် ကူးပြောင်းသွားခြင်း
အပိုင်း ၁၄
ကျိုးယွီသည် တင်းရှပြောသည်ကို လက်မခံနိုင်ပေ။ သူမ မျက်လုံးများသည် တင်းရှ၏ ဖောင်းကားနေသော ဗိုက်ပေါ်ကို အမှတ်တမဲ့ စိုက်ကြည့်နေသည်။ သူတို့ နှစ်ယောက် အတူတူ ရပ်နေကြတာကို မြင်ရသည်မှာ သူမအတွက် အလွန်စိတ်တိုစရာဖြစ်သည်။
ဒီကလေးအတွက်သာမဟုတ်ရင် သူမ မောင်လေးက ဒီမိန်းမနဲ့နေတော့မှာ မဟုတ်ဘူးလို့ညတွေးသည်။
ကျိုးယွီက တင်းရှ၏ ဗိုက်ကို စိုက်ကြည့်နေသောအကြည့်များက တင်းရှကို ကြက်သီးထစေခဲ့သည်။ သူမသည် သူမ၏ဗိုက်ကိုကာပြီး ခြေလှမ်းအနည်းငယ် နောက်ပြန်ဆုတ်သွားသည်မှာ ရှောင်ကျွင်း၏ လက်မောင်းနားကို ရောက်သည်အထိ ဖြစ်သည်။ ထို့အချိန်မှ သူမစိတ်သက်သာရာရသည်။
ရှောင်ကျွင်းလည်း ကျိုးယွီ၏ အကြည့်ကို မြင်လိုက်ရသည်။ တင်းရှ ရှေ့မှာ ရပ်နေရင်း သူ့မျက်နှာက ဖြူဖတ်နေပြီး "ငါ မင်းကို သတိပေးနေတယ်၊ မင်းငါ့ရဲ့ သည်းခံနိုင်စွမ်းကို မစိန်ခေါ်တာ ပိုကောင်းမယ်" လို့ သတိပေးလိုက်သည်။
"မောင်လေး၊ ငါ့စကားနားထောင်ပါ၊ သူမက လူကောင်းမဖြစ်နိုင်လောက်ဘူး!" ကျိုးယွီ က ရုတ်တရက် ပြုံးလိုက်ပြီး "သူမကို ကြည့်ကြည့်လိုက်ရုံနဲ့ သူမက ရမ်းကားနေမယ့်သူဆိုတာ နင်သိပါတယ်။ သူမဟာ မင်းရှေ့မှာ အရမ်းသိမ်မွေ့နေတယ်ဆိုပေမယ့် မင်းအပြင်ထွက်ပြီးတာနဲ့ တခြားယောက်ျားတွေကို ဆွဲဆောင်လိမ့်မယ်..."
"သူ့ဗိုက်ထဲက ကလေးက လူယုတ်မာပဲ၊ မင်းအတွက် ငါသူ့ကို ဖယ်ရှားလိုက်မယ်၊ ပြီးရင် ငါတို့ အတူတူနေလို့ရပြီ..."
သူတို့အဖြစ်အပျက်ကို တိတ်တဆိတ် ခိုးကြည့်နေသောလူတစ်ယောက်က ကြက်သီးထလာပြီး "ဒီမိန်းမရူးနေတာမလား"ဟုတွေးလိုက်မိသည်။
တုရို့ရို့လည်း ထိတ်လန့်သွားသည်။ ကျိုးယွိရဲ့ဒီလိုစိတ်လွတ်သွားသလိုပုံစံမျိုးကို တစ်ခါမှ မမြင်ဖူးပေ။
YOU ARE READING
အမျိုးသားဇာတ်လိုက်၏ မိခင်အဖြစ် ကူးပြောင်းသွားခြင်း (ဘာသာပြန်)
FantasyName - Transmigrated as the Mother of the Abused Male Lead in a Tragic Novel Type - web novel Genre - Comedy Romance Slice of Life Tags - Abandoned Children Absent Parents Beautiful Female Lead Caring Protagonist Childcare Cooking Cute Children Dot...