" စောက်စိတ်ကရှည်တာမဟုတ်ဘူးနော် ခုထ! "
ချန်ဒလာရဲ့အသံကစိတ်မရှည်တော့ကျယ်လာ၏။ဒါတောင်ယိမ်းယိုင်ကလုံးဝကို တင်းခံနေတုန်း။ဒါမျိုးကျ ယိမ်းယိုင်မှိုင်းတို့များစောက်ကြောတင်းချက် သူသာတစ်ချက်ဆောင့်ဆွဲလိုက် သူ့လက်ထဲဒီစောင်ပါလာတာကြာပေါ့။ဟောစောင့်ဆွဲပြီးဖယ်လိုက်ပြီထား ဟိုအကြောတင်းကပြုတ်ကျအုန်းမယ်အဲ့ခါကျ အာပြဲကြီးနဲ့အော်မယ်အဘစံတို့ကကြားမယ်တတ်လာပြီးသူ့ကို ' ဘာလို့လုပ်ရတာလဲ ဘာဖြစ်လို့လဲ ' ပြောမယ်ဟောသူ့အလွန်ပါပေါ့။ကောင်းလိုက်တဲ့ ချန်ဒလာ။
" ထွက်သွား! "
နောက်ဆုံးတော့ အသံဩဩလေးတစ်ချက်ထွက်လာ၏။ဒါမယ့် စောင်ကိုတော့လုံးဝမလှန်ပေးသေး။
" ဘာဖြစ်သလဲဆိုတာ အရင်ပြော။ကျုပ်မှာ အလုပ်ကိစ္စတွေ ကျန်သေးတယ်ခင်ဗျားတစ်ယောက်ထဲနဲ့ပြီးသွားလို့မရဘူး "
" အဲ့တာဆိုလည်း ထွက်သွားပါလား။မင်းကိုငါကခေါ်နေလို့လား "
ကျစ်!
Coat အင်္ကျီကိုအားပါပါဆောင့်ချွတ်ချကာကြမ်းပြင်ပေါ်သို့ဘုန်းကနဲမြည်အောင်ပစ်ပေါက်ချလိုက်၏။ထို့နောက် လေပူတစ်ချက်မှုတ်ကာ နဖူးပေါ်သို့အနည်းငယ်ပြိုကျနေသည့်ဆံပင်စတွေကိုတစ်ချက်သပ်တင်လိုက်ကာကုတင်ပေါ်သို့ဘေးတစ်စောင်းဝင်ထိုင်လိုက်သည်။
" ခင်ဗျားမျက်နှာလေး အမောပြေကြည့်ချင်တယ် "
" ... "
" ပင်ပန်းလာသမျှက ခင်ဗျားမျက်နှာလေးမြင်လိုက်ရရင်စုပ်ယူခံလိုက်ရသလိုပဲ အကုန်ပျောက်သွားစေတယ် "
" လျှာရိုးမရှိတိုင်း လျှောက်ပြောမနေနဲ့! "
ဒါမျိုးကျချက်ချင်းကိုစောင်ပုံထဲကထွက်ကာရန်တွေ့တော့တာဖြစ်သည်။ခေါင်းအုံးနှင့်ပစ်ပေါက်ကာတရှူးရှူးတဒိုင်းဒိုင်းနဲ့ ဒေါသထွက်နေသူ၏နှာခေါင်းကိုခုမှသေချာကြည့်မိသည်။နှာခေါင်းထိပ်တည့်တည့်ဟာ နီရဲနေကာအနည်းငယ်ဖောင်းတတ်နေသည်။ယိမ်းယိုင်ကိုယ်တိုင်ကလည်းအသားဖြူတဲ့အထဲတွင်ပါတာမို့ နှာထိပ်နီရဲနေတာကိုအတိုင်းသားမြင်နေရသည်။မသိရင်နှာပွကြီးလို။
Part 22 U
Start from the beginning