အခန်း(၈)

Start from the beginning
                                    

∆ရှန့်အိမ်တော်∆

လီကျင်းချန်း ရှန့်အိမ်တော်သို့ပြန်ရောက်သောအခါ ဟန်လဲ့ရှင်းမှာ ဥယျာဉ်ထဲ၌
သူ၏မိခင်နှင့်စကားပြောနေကြလေသည်။
ရှန့်လီ၏မိခင်ဆိုသူက သူ့အားလှမ်း၍
လက်ယပ်ခေါ်လေသည်။
ထို့ကြောင့် လီကျင်းချန်းမှာ ကျစ်ကနဲစုတ်သတ်လိုက်မိလေသည်။

"ကျစ်.! ဟာကွာ "

ထိုမိန်းကလေးမှာ ဤလောကသို့
ကိုယ်ရောက်ရှိချိန်မှစ၍ အတော်စိတ်ဒုက္ခပေးခဲ့လေသည်။
သူမကိုရှောင်ချင်၍ အတိတ်မေ့ဟန်ဆောင်ခဲ့ရသလို၊နယ်စပ်အထိလည်းသွားခဲ့ရသည်။
အနှီးမိန်းကလေးက ဆိုးသွမ်းလို့လည်းမဟုတ်သလို မလှလို့လည်းမဟုတ်။
သူမဟာ အတော်ပင်လှသည့်အထဲပါပါသည်
ကိုယ်တွေခေတ်စကားအရဆို Body ၊Face
အားလုံးပြည့်စုံပြီး ဆွဲဆောင်မှု့လည်းရှိပါသည်။
သိူ့ပေမယ့်လို့ ကိုယ်ဟာရှန့်လီအစစ်မဟုတ်
လီကျင်းချန်းလေ
စူပါစတားသရုပ်ဆောင်လီကျင်းချန်း၊
လပ်ထပ်ပွဲပါအပြတ်ငြင်းလိုက်လည်းမရ
သတိပြန်ရလာသည့်အထိစောင့်ပါမည်ဆိုကာ ခေါင်းမာနေလေသည်။
ဒီဘက်ခေတ်ကမိန်းမတွေက နည်းနည်းမှမာနမရှိဘူးပဲဟုတွေးမိကာစိတ်ပျက်ရသည်။
မိခင်ဆိုသူကတော့" မင်းတို့စကားပြောကြပါ "ဟုဆိုကာရှောင်ပေးသွားလေသည်။
မော့လီကိုပါခေါ်သွားသဖြင့် ဟိုကလေးမက
အင်တင်တင်နဲ့ပါသွားတယ်။

_" ဘယ်ကပြန်လာတာလဲ "
_" ရန်အိမ်တော်က "

_" ဪ ဝေကွမ်းဆီသွားတာကိုး "
_" မဟုတ်ဘူး ယိချူးဆီသွားတာ "

ဟန်လဲ့ရှင်းမှာ သူမမေးသမျှတိုတိုတုတ်တုတ်သာပြန်ဖြေနေသော ရှန့်လီအား မချိပြုံးသာပြုံးမိသည်။
ဦးခေါင်းထိခိုက်ပြီးသတိပြန်ရလာကတည်း
က ပြတ်သားပြီး ယောင်္ကျားပီသလာတဲ့ရှန့်လီ
ဒီရှန့်လီကို မိမိပိုပြီးသဘောကျပါသည်။
ယခင်ကတော့ မိဘတွေသဘောတူထားတဲ့
မင်္ဂလာစကားနဲ့သူငယ်ချင်းသံယောဇဉ်ပဲရှိခဲ့ပေမယ့်လို့ ယခုရှန့်လီက ပိုပြီးဆွဲဆောင်မှု့ရှိတာတော့ငြင်းမရပါ။
ထို့ကြောင့်လည်းတွယ်ကပ်နေမိတာပင်။

" ယိချူး..!
သူမကိုမှတ်မိတယ်လား "

" အင်း "

ဟန်လဲ့ရှင်းမှာ အံ့ဩဆွင့်အစွာဖြင့် ဤနှယ်မေးမြန်းလိုက်လေသည်။

" ဤကမ္ဘာ၏နှောင်ကြိုး "(Completed)Where stories live. Discover now