အပိုင်း(၁၉) end

1.2K 24 2
                                    

ချိုလည်း အိုင်ဒေါအသစ်ပြောင်းအားပေးသွားတာကြောင့် အိမ်မှာဇက်နဲ့ပတ်သက်တဲ့ပုံတွေတောင်မရှိတော့ပဲ KEN ဆိုသော လက်ရှိခေတ်စားနေသည့် အဆိုတော်ကောင်လေး၏ပုံတွေသာနေရာယူနေသည်

တစ်ခြားပရိသတ်တွေလည်း ဇက်နာမည်ကျသွားသည့်အချိန်  ဇက်နေရာကိုရောက်လာတဲ့ အိုင်ဒေါတွေကိုပြောင်းအားပေးနေပြီလားသိချင်မိသည် ဇက်နာမည်ကျသည်ဆိုတာအနုပညာလုံးဝဆက်မလုပ်လို့ကျခြင်းသာ တစ်ယောက်မှသူ့ခြေဖျားမှီတာတော့မီမတွေ့သေး

အခုလက်ရှိ ထိပ်တန်းအဆိုတော်ဖြစ်နေတဲ့ သူကို မီ သိလည်းမသိ စိတ်လည်းမဝင်စား...ဘယ်သူတွေဘယ်လိုပဲနာမည်ကြီးလာလာ ရင်ထဲမှာနေရာယူထားတဲ့အဆိုတော်က ဇက် တစ်ယောက်တည်းသာ...

"မီ......Ken ကလေ လမ်းထိပ်ကဟိုတယ်မှာတည်းတာသိလား နောက်တစ်ပတ်ထဲ ဒီမှာ show လုပ်မှာတဲ့......ငါသူ့ကိုတွေ့ရ ရင်သေပျော်ပါပြီဟာအဖော်လိုက်ခဲ့ပေးပါလား"

"နင်ပြောတဲ့ ထိပ်တန်းအဆိုတော်ဆိုတာလား"

"အေးဟုတ်တယ် အရမ်းချောတာနော် ......နင်လူပြောင်း stand ကြည့်ပါလား ဇက်နဲ့တစ်ခြားစီပဲရုပ်ကအစသူကအခု နိုင်ငံခြားရုပ်ရှင်တွေမှာရိုက်ဖို့တောင်ကမ်းလှမ်းခံနေရတာ"

"ဇက်နဲ့တစ်ခြားစီပဲလို့တော့မပြောပါနဲ့ ချို ငါအဲ ဒီလိုနှိုင်းယှဉ်တာမျိုးမကြ်ိုက်ဘူး ဇက်ကဇက် ken က ken ပါပဲ ဘယ်လိုမှလည်းမတူနိုင်ပါဘူး...... တစ်ချိန်ကငါတို့အားပေးခဲ့ကြတဲ့သူပဲလေ အနုပညာမလုပ်တော့လို့ပျောက်သွားတာပါအဲလိုမပြောပါနဲ့ ငါမကြိုက်ဘူး"

"မီ သူက...နင့်ရန်သူရဲ့သားနော်နင်အဲဒါတွေးမိရဲ့လား နင်သူ့ကိုပြန်သတိရနေတာတော့မဟုတ်ပါဘူးနော်"

ချို့စကားကြောင့်မီအနည်းငယ်တွေဝေသွားကာ ကိုယ့်ကိုကိုယ်လည်းနားမလည်နိုင်ဖြစ်မိ၏ "ဘာကြောင့်ခုထိ သူ့ပရိသတ်ဖြစ်ပြီး သူ့ကိုထိရင်မရရတာလဲ
အရာအားလုံးပြီးခဲ့ပြီလေ... ဇက်က အိုင်ဒေါတစ်ယောက်လည်းမဟုတ်တော့သလို မီ့ချစ်သူလည်းမဟုတ်တော့ဘူးဆိုတာ သိနေလျက်နဲ့ ဘာကြောင့် သူနဲ့ပတ်သက်ရင် ခုထိအရင်လိုဆတ်ဆန်ထိမခံ နာနေမိသလဲ စဉ်းစားမရ"

Fall in love with superstarWhere stories live. Discover now