အပိုင်း(၁၁)

637 14 0
                                    

"ညီမ ပြန်ရောက်ပြီလား"

"ဟုတ်ကဲ့ကိုခန့်ထည် ဒါနဲ့ အန်တီရော"

"အန်တီကို အခု မိတ်ကပ်ဆရာဆီလိုက်ပို့ပေးရမှာ"

"ဟင် အစောကြီးပဲ"

"ဟုတ်တယ် သူပြင်ချင်တဲ့မိတ်ကပ်ဆရာက အရမ်းနာမည်ကြီးတော့ဘယ်လောက်ပေးပေးအိမ်လိုက်မလိမ်းဘူးတဲ့ အဲဒါစောစောမှအဆင်ပြေမှာမို့ အဲဒါပြီးတာနဲ့ shooting မှာပဲ အကိုတို့ဆုံရအောင် ဇက် အိပ်ယာနိုးတာနဲ့ တခါတည်းလာခဲ့လိုက်တော့ ဇက်အတွက် မိတ်ကပ်ဆရာပါ shooting မှာတခါတည်းခေါ်ထားတယ်"

တသက်လုံးချေမိုးနေတဲ့ဒေါ်နှင်းဆီအားမိတ်ကပ်ဆရာကပြန်ချေလိုက်သောအခါသဘောတော့ကျမိသား

"ဟုတ်ပြီဟုတ်ပြီ ကိုခန့်ထည် ဇက်ကိုထပ်ပြောထားတယ်မလား shooting ဘယ်ချိန်လဲဆိုတာ မီ မနေ့ကခွင့်ရက်မို့လို့လေ"

"အန်တီပြောတော့ ညီမက ဟိုနေ့က ဇက်ကို အချိန်ဇယားပေးထားတယ်ဆို  အကိုလည်းသေချာမသိဘူးနော် ဇက်က သူ့မားနဲ့စကားသိပ်မပြောတော့ ညီမ အချိန်မေ့နေရင် အန်တီ့ဖုန်းဆက်မေးပေးရမလား"

ဘုရားရေ ငါ့စိတ်တွေကလည်းအချိန်တွေရောကုန်ပြီ ဘယ်ချိန်ပါလိမ့် ဟုတ်ပြီ ၉နာရီ မှတ်မိပြီ တော်သေးလို့

"မီ မှတ်မိပါတယ်ရတယ် မမေးတော့နဲ့ ဇက်ကိုပြောပြီးလာခဲ့လိုက်မယ် ကိုခန့်ထည်လုပ်စရာရှိတာသာလုပ်"

"အင်း နောက်မကျစေနဲ့နော်"

အထုတ်ပိုးတွေအိမ်ပေါ်ထပ်သယ်ပြီးရောက်ရောက်ချင်းအမြန်ပြင်ဆင်ရတော့သည် ဇက်ရဲ့ပထမဆုံးဇာတ်ကားစရိုက်ရတဲ့နေ့လေး စာအုပ်မှာ ရွတ်စုတ်ပြက္ခတိန်က စာရွက်လေးကိုခွာပြီး ကပ်ထားလိုက်သည်

"ဟန်နီ ရေ ကိုလာလို့မဖြစ်ဘူး ခဏနေ ရှုတင်သွားရတော့မယ် ဒီနေ့လေးတော့ကိုယ့်က်ုနားလည်ပေးပါလားကွာ မားလည်းပါမှာဆိုတော့ ကိုနောက်ကျလို့ရမယ်မထင်ဘူး"

"အိုကေလေမောင်မလာရင် ဟန်နီ့ကို ဟန်နီဘာလုပ်မိမယ်ဆိုတာ အာမ မခံဘူးနော် ဖုန်းမှာလည်းမောင့်ကိုပဲ နောက်ဆုံးခေါ်ထားတာဆိုတော့......"

Fall in love with superstarWo Geschichten leben. Entdecke jetzt