အပိုင်း(၁၅)

670 14 0
                                    

ကြော်ငြာရှုတင်ရှိတာကြောင့်အရင်မနက်ခင်းတွေလိုပဲဇက်အခန်းရှေ့မှာနွားနို့တဖန်ခွက်နဲ့စောင့်နေလိုက်၏ ဘဲလ်တီးနေသော်လည်း ဇက်ထွက်မလာတာကြောင့် အခန်းတံခါးမဆိုသလောက်လေးဟနေသည်မို့ ဇက်ကိုအရင်ခေါ်ကြည့်လိုက်ကာ... ဘာတုံ့ပြန်သံမှမကြားတာနဲ့ စိုးရိမ်တကြီးအခန်းထဲဝင်လာလိုက်တော့
ဇက်က အိပ်ယာပေါ်မှာခွေခွေလေးလှဲနေသည်
အနားသွားပြီးစမ်းကြည့်လိုက်တော့ နေလည်းကောင်းပါသည်

"မထသေးဘူးလား နေမကောင်းဘူးထင်ပြီးစိတ်ပူလို့ဝင်လာတာကို"

"ဟင်းလာ ကျွန်တော့်အနားခဏလာအိပ်ဦး"

ဇက်က ညည်းနေရုံကလွဲပြီးမထလာပဲ မီ့လက်ကိုလှမ်းဆွဲလိုက်တော့ မီ အိပ်ယာပေါ်က သူ့ရင်ခွင်ထဲကွက်တိရောက်သွား၏ မီ ဇက်ရင်ခွင်ထဲတွင်မျက်လုံးလေးစင်းကာရင်ခုန်သံတွေကိုနားထောင်ရင်း

"ဇက်က အမြဲရင်ခုန်အောင်လုပ်နေတာပဲဒီကမှသူနဲ့ပတ်သက်ရင်စိတ်မခိုင်ပါဘူးဆို"

"ဒီတိုင်းလေးပဲ ငြိမ်ငြိမ်နေပေးပါဘယ်မှမသွားပါနဲ့"

"ဇက်တခြားသူမြင်သွားလို့ အန်တီနန်းကိုပြန်တ်ိုင်ရင်မီအလုပ်ပြုတ်မှာနော်အဲဒါရောတွေးမိရဲ့လား"

"အိမ်ထဲမှာဘယ်သူမှမရှိဘူး ကိုခန့်ကကုမ္ပဏီမှာတခြားသူတွေကလည်းသူ့အလုပ်သူလုပ်နေတာ ကျွန်တော့် အခန်းထဲဆိုပိုဆိုးဘယ်သူမှဝင်မလာရဲဘူး"

"ဒါဆိုမီကဝင်လာရဲလို့ဝင်လာတယ်ဆိုတဲ့သဘောလားအဲဒီလို မဟုတ်ဘူးနော် ဇက်အသံမကြားလို့ဇက်တခုခုဖြစ်..."

"ရှူး"

သူ့ လက်နဲ့မီနှုတ်ခမ်းလေးကိုဖိကပ်လိုက်တော့ မီပြောလက်စ စကားကိုရပ်ပြီးငြိမ်ကျသွား၏ ်အိပ်နေတဲ့သူ့ရင်ခွင်ထဲမှာသူ့ရင်ခုန်သံတွေတဒိတ်ဒိတ်နဲ့ ကြားနေရသည်
မိန်းကလေးတွေနဲ့ပတ်သက်ရင်နာမည်ကြီးတဲ့ဇက်ကမိန်းမတယောက်ကိုဘယ်လိုကြွေအောင်လုပ်ရမလဲသင်စရာမလိုဘူးထင်ပါ၏ သူမခြွေရသေးခင်ကို မီ့ဘက်ကကြွေနေခဲ့ရသူဆိုတော့ သူအနားမှာနေနေရင်ကို တကမ္ဘာထင်ပြီး ငြိမ်နေမိတာ

Fall in love with superstarWhere stories live. Discover now