အပိုင်း(၄)

794 18 1
                                    

လွန်ခဲ့သော၃လ

"ဟူးပင်ပန်းလိုက်တာ"

ဟန်နီခေတ်ကဂျင်းဘောင်းဘီရှည်အကျပ်ကိုအင်ကျီအတိုအကျပ်နဲ့ဆိုတော့ဗိုက်ကမဆိုသလောက်ပေါ်နေပေမဲ့ခန္ဓာကိုယ်ကောက်ကြောင်းကအတော်ဆွဲဆောင်မှုရှိသည်
ဇက်က Ck brandကြော်ငြာအတွက်လာသည်မို့ ဟန်နီ ဓာတ်ပုံရိုက်ပြီးထွက်လာတာနဲ့ဆုံသည် ကိုယ်ကနောက်ကျနေတာမို့သူမတယောက်တည်းအရင်ရိုက်နှင့်သည်ထင်သည် ဇက်ကတော့ခပ်တည်တည်သာနေတတ်သူမို့လားမသိ နာမည်ကြီးမင်းသမီးတယောက်ကိုအပြင်မှာမျက်နာချင်းဆိုင်တွေ့တာတောင်စိတ်မဝင်စားတဲ့ပုံသာနေသည့် အကျင့်ရှိသည် ရည်းစားသာများတာ ကိုယ့်ဘက်က စခဲ့တာတယောက်မှမရှိတော်တော်များများကိုယ့်ကိုလာစပြီး ပက်သက်ကြတာချည်း ကိုယ်ကပြန်ပတ်သက်တော့ အလိုလိုနေရင်းပွေတယ်ရှုပ်တယ်ဆိုတဲ့ခေါင်းစဉ်တပ်ကြရော

"အခုမှပဲအပြင်မှာဆုံဖူးကြတယ်နော် ဇက် nice to meet you နော် တို့ကိုသိလောက်မယ်ထင်ပါတယ်"

"ဟုတ်တယ်အမဟန်နီ ခုမှပဲဆုံဖြစ်တယသိပါတယ်""

သူမကစလာပြီးမိတ်ဆက်သည်မို့ ကိုယ့်ဘက်ကချေရင်လည်မကောင်း ချေလို့လည်းမရဘူးလေ ဒီလောက်လှပတဲ့ထိပ်တန်းမင်းသမီးတယောက်ကမိတ်လာဆက်တာပဲ ကိုက သူတော်စင်မှမဟုတ်

ck ကdesingner စီစဉ်ပေးတဲ့အဝတ်စားတွေနဲ့ကြော်ငြာရိုက်တော့ သူမနဲ့နီးနီးကပ်ကပ်နေရတဲ့အချိန်မျိုးတွေဆိုချွေးတွေပါစို့လာသည် ကိုက အဆိုတော်တယောက်ဆိုတော့မင်းသမီးနဲ့တွဲရိုက်ရတာမျိုးတွေသိပ်မနေတတ် နည်းနည်းတော့ရှိန်သည် သူမကတော့ ဝါရင့်သရုပ်ဆောင်ပီပီလုံးဝကိုအေးဆေးဖြစ်နေသည်

"ဇက်အနားနဲနဲကပ်ဦးလေ ကြည့်ဟန်နီ့ နဖူးကိုနမ်းတာလည်းမနမ်းချင်နမ်းချင်နဲ့"

"မဟုတ်ပါဘူးကျွန်တော်သိပ်မရဲသေးလို့ပါ"

"လာပါအလုပ်ကသင်ပေးသွားလိမ့်မယ်ဇာတ်ကားတွေဘာတွေရိုက်ရင်ဘယ်လိုလုပ်မလဲဒါအခုမှဓာတ်ပုံရိုက်တာပဲရှိသေးတယ်"

ဘေးက မီးထိုးမှန်ထိုးတွေစောင့်နေတာလည်းအားနာတာကြောင့်သူမနဖူးကိုဖွဖွလေးနမ်းလိုက်သည် ထိုကြော်ထွက်လာတော့  ကျွန်တော့်fan တွေပွက်လောတွေရိုက်ကုန်ပါတော့သည်
ဟန်နီပုံတွေအောက်ဆိုကွန်မန့်တွေကဆဲဆိုထားတာတွေချည်း ဟန်နီဖေ့ဘုတ်တောင်မသုံးရဲလောက်အောင်တိုက်ခိုက်ကြသည်

Fall in love with superstarWhere stories live. Discover now