အပိုင်း(၂)

1K 24 0
                                    

ခမ်းနားကြီးကျယ်လှသောအဝတ်စားလဲခန်းထဲမှာဒီဇိုင်နာချုပ်ပေးတဲ့အဝတ်စားတွေကိုစိတ်တိုင်းလုံးဝမကျ
ကိုက အရမ်းကလပ်လွန်းတဲ့အဝတ်စားတွေအရင်တည်းက ဝတ်ခဲ့တဲ့သူမဟုတ်ဒီဇိုင်းရိုးရိုးလေးတွေပဲနှစ်သက်သည်
အရာတိုင်းက မာမားသဘော မာမားဆန္ဒ တွေချည်းဖြစ်နေတော့တခါတလေမဝတ်ချင်တဲ့စိတ်ကျဉ်းကျပ်စေတဲ့အဝတ်စားမျိုးတွေဝတ်ရတဲ့အခါတိုင်း သူစီစဉ်ထားသလို လိုက်လုပ်ပေးနေရတဲ့အခါတိုင်း အနုပညာအလုပ်ကို ငြီးငွေ့လာသည်

"ဇက် ဒီဝတ်စုံလေးနဲ့လှလိုက်တာ Channel ရဲ့ကော်ဇောနီပေါ်မှာတော့ မားရဲ့သားလေးကနာမည်ထပ်ကြီးဦးမယ် ဒီမှာဒီနေ့လုပ်ရမဲ့ scheduleတွေ မားမတနေကုန် သားရဲ့ အလုပ်ဖုန်းတွေချည်းဖြေနေရတယ် ခဏနေ တေးရေးဆရာဆီသီချင်းသွားယူရမယ်ပြီးရင် Studio မှာအသံသွင်းရမယ် နေ့လည်ကျ Gucci ကြောငြာရိုက်ဖို့ရှိတယ်အဲဒါပြီးရင် ဂျင်သွားရမယ် ညအကဆရာနဲ့ အကတိုက်ဖို့ရှိတယ် ပြီးရင်......"

"တော်ပါတော့ မားရယ် သား သိပါတယ်နားချိန်လေးလည်းပေးပါဦးဘာနေနေဇွတ်လက်ခံတာ သားကိုလည်း အဆင်ပြေလားမပြေဘူးလားမေးပါဦမားရဲ့သားကလူနော် စက်ရုပ်မဟုတ်ဘူး အဲလောက်ထိအလုပ်တွေကိုလောဘကြီးပြီး လက်မခံပါနဲ့ ဗျာ သားအရမ်းပင်ပန်းနေပြီ"

"ဇက်ရယ် မားကလောဘကြီးတာမဟုတ်ဘူး ခုခေတ်ကလေးတွေကအရမ်းကြိုးစားကြတာ တော်ကြာ ဇက်ကိုကျော်တက်သွားပြီးထိပ်ကနေပြုတ်သွားမှာကို မားမလိုလားဘူး သားနဲ့မှရိုက်ချင်ကြတဲ့သူတွေချည်းပဲ
သားနဲ့ရိုက်ရင်ပစ္စည်းတခုကနာမည်ကြီးသွားကြလို့ သားကိုပဲ ကမ်းလှမ်းကြတာလေ ဒါကိုငြင်းလိုက်ရင် မားရဲ့ဇက်လေးပဲနာမည်ကျမှာပေါ့"

"မား ဇက်ရဲ့အရည်ချင်းကိုပရိသတ်သိနေတာပဲ ဇက် သီချင်းတွေပဲ အာရုံစိုက်ဖန်တီးချင်တယ် ကြော်ငြာတွေရဲ့မော်ဒယ်လုပ်ရတာ မားထင်သလောက်မလွယ်ဘူး အခုဟာက သီချင်းရေးချိန်ကိုမရှိဘူး ကိုယ်ပိုင်သီချင်းတွေဖန်တီးချင်သေးတယ် အဲအတွက်အချိန်လိုတယ် ကြော်ငြာ အလုပ်တွေအရမ်းလက်မခံပဲလျှော့လက်ခံပေးပါ"

မားကမျက်မှောင်ကုတ်ခါသူရွေးပေးတဲ့အင်ကျီကို စောင့်အောင့်ပေးရင်း

Fall in love with superstarWo Geschichten leben. Entdecke jetzt