Chapter 26

114 18 0
                                    

Chapter 26
-ကျွန်တော်ဘာလုပ်ရမလဲသိတယ်

သို့သော်ငြား ရွှယ်ယုံက progress barကို ကိုးကြိမ်မြောက်ပြန်ရစ်ပြီးနောက် သူ့လက်များ ရပ်တန့်သွားရသည်။သူက မျက်တောင်ဖွဖွကြုပ်ရင်း ထိုထူးကဲလှသည်မဟုတ်သော ဇာတ်ဝင်ခန်းကို အပြန်ပြန်အလှန်လှန်ကြည့်နေသည်။

တစ်ခုခု မူမမှန်ဘူး။

ရွှယ်ယုံ့စိတ်ထဲ မတင်မကျခံစားရသည်။ထို့ကြောင့် ဖုန်းကိုအမြန်ယူပြီး ချူရှောင်းရန်နံပါတ်ကို ဆက်လိုက်သည်။တစ်ဖက်လူက စကားဆိုလာမည်ပင်မစောင့်ပဲ သူက ဦးစွာပြောလိုက်သည်

"ယွီနျန်ဘာဖြစ်ထားတာလဲ ..."

ချူရှောင်းရန်က တစ်ဒင်္ဂမျှ ပြန်ဖြေမလာပဲ နားမလည်သလိုမေးလာသည်။

"ဘာဖြစ်လို့လဲ...ငါ့အစ်ကိုက နိုင်ငံခြားသွားတော့ ကုမ္ပဏီမရောက်ဖြစ်တာ ရက်နည်းနည်းကြာပြီ"ရွှယ်ယုံအသံက မူမမှန်ဖြစ်နေ၍ သူက အလောတကြီးမေးလာသည်

"ရွှယ်ရှောင်ယုံ...စိတ်မပူပါနဲ့ အခုချက်ချင်း တစ်ယောက်ယောက်ကို လှမ်းမေးလိုက်မှာမို့ ခဏနေပြန်ခေါ်လိုက်မယ်"

ရွှယ်ယုံက ဖုန်းကိုင်ထားရင်း လက်ထဲတင်းတင်းဆုပ်ကိုင်ထားသည်။သူ့မျက်လုံးများက screenပေါ်ရှိ ယွီနျန်ထံတွင်သာ အကြည့်မပျက်ပေ။

သူသာ အကြည့်မမှားပါက ယွီနျန်၏မျက်နှာထက် နာကျင်မှုအရိပ်အရောင်ပေါ်လာကာ အလျင်အမြန်ပင် အပြုံးလေးနှင့်ဖုံးကွယ်လိုက်ကြောင်း တွေ့လိုက်ရသည်ပင်။

သိပ်မကြာလိုက် ချူရှောင်းရန် ပြန်ခေါ်လာသည်။

"ဟေး....မင်း ဘယ်လိုသိတာလဲ ယွီနျန်က accidentဖြစ်ခဲ့တာတဲ့ကွ"

ရွှယ်ယုံက အသက်တစ်ချက်ရှူလိုက်ရင်း လေသံနက်နက်နှင့် မေးလာသည်

"ဘာဖြစ်တာတဲ့လဲ"

"မုန့်ယွမ်ကိုပဲ တိုက်ရိုက်မေးလိုက်တာ...သူပြောတာတော့ ရိုက်ကူးရေးလုပ်မယ့်နေ့က rehearsal အချိန်မှာ နှလုံးသားမရှိတဲ့သူတစ်ယောက်က ယွီနျန်ခြေချမယ့်နေရာမှာ ရေဖြန်းခဲ့တယ်တဲ့....ယွီနျန်က ဟန်ချက်ပျက်ပြီးလဲကျသွားတယ်လေ...အစတုန်းက ယွီနျန်က သူ့ဒူးထိသွားတယ်ထင်နေတာ...ဒါပေမယ့် သူ့ဒူးကို ကောင်းကောင်းလေးရှောင်လိုက်နိုင်လို့ ခြေကျင်းဝတ်ပဲလည်သွားတယ်ပြောတယ်"

ကျွန်တော်ကဆင်းရဲတယ်လို့ကြားမိတယ်Où les histoires vivent. Découvrez maintenant