Chapter 27

61 10 0
                                    

Chapter 27
သူ့အတွက် ပိုက်ဆံသုံးပေးချင်တယ်

ခြေထောက်ဒဏ်ရာကြောင့် ယွီနျန်မှာ မနက်ပိုင်းအကလေ့ကျင့်ရေးသို့ မသွားရပေ။ သို့သော်လည်း သူ၏အဘိုးအဘွားဖြစ်သူတို့၏ တင်းကျပ်သည့်အချိန်ဇယားများနှင့်ကျင့်သားရနေ၍ မနက်ခုနစ်နာရီနိုးလာသည်။

သူကိုယ်တိုင်လုပ်ထားသည့် ရိုးရိုးရှင်းရှင်းမနက်စာကိုစားလိုက်ပြီး ဝရံတာတွင် စိုက်ထားသည့် ပန်းပင်များနှင့်ကြက်သွန်မြိတ်ပင်များကို ရေလောင်းလိုက်သည်။ ထိုအချိန်တွင် အနီးကပ်ရိုက်ကူးရေးလုပ်ရန် ပြန်လာသည့် နောက်ကွယ်တွင် သူ့ကိုရိုက်လိုက်ပုတ်လိုက်လုပ်တတ်သော ယွီချင်းက သူ့ထံဖုန်းခေါ်လာ၍ ဆယ်မိနစ်ခန့် စကားစမြည်ပြောလိုက်ရသည်။

ယွီနျန်က သူမစိတ်ပူနေမှန်းသိ၍ အစမှအဆုံးထိ စိတ်ရှည်ရှည်နားထောင်ပေးနေသည်။သူက ထိုကိစ္စမှာ မတော်တဆဖြစ်သွားခြင်းသာဖြစ်ပြီး အခြားသူလုပ်ခြင်းမဟုတ်ကြောင်း စိတ်ချအောင်ပြောထားရကာ ယွီချင်းက လေယာဥ်လက်မှတ်ဝယ်ပြီး သူ့အတွက်နေရာရှာပေးရန် လာခဲ့မည်ဆိုသည်ကို တားထားရသည်။

"ဒါနဲ့လေ...သဘာဝရဲ့သံစဥ်"ရိုက်ပြီးသွားရင် တခြား တိတိကျကျစီစဥ်ထားတာမျိုးရှိလား"

ယွီနျန်က စဥ်းစားလိုက်ရင်း"အစ်ကိုမုန့်ပြောတာတော့ တစ်ကိုယ်တော်ရိုက်ကူးရေးEp1ကို အရင်ဆုံးလုပ်ပေးဖို့ စီစဥ်ထားတယ်တဲ့...ပြီးတော့ reality showတစ်ခုရော...ကြော်ငြာနဲ့ထောက်ခံချက်တွေအတွက်က ဆွေးနွေးနေကြတုန်းရယ်...အစ်ကိုမုန့်ကတော့ နှစ်ခုလုံးလုပ်လို့ရတယ်လို့ တွေးနေတာ ..."

"အိုကေလေ....မုန့်ယွမ်စီစဥ်ပေးတာက မဆိုးပါဘူး...သူကတော့ မင်းကို အတင်းဂုတ်သွေးစုပ်မှာမှာမဟုတ်ဘူး"

ယွီချင်းက စနောက်လိုက်ရင်း"ဒါဖြင့် မင်းရဲ့သီချင်းကိုရေးပေးဖို့ ဘယ်သူ့ကိုသွားရှာမှာလဲ....စီနျင်းလား...."

ယွီနျန်က ကူကယ်ရာမဲ့ဟန်ဖြင့်"အစ်မရေ...မစပါနဲ့ဗျာ...အဲ့ဒီအချိန်တုန်းက ငယ်သေးလို့ပါ"

"အိုကေ...အိုကေ...မစတော့ဘူး...အတည်ပြောမယ်"

ယွီချင်းက လိုရင်းကိုပြောလာသည်

ကျွန်တော်ကဆင်းရဲတယ်လို့ကြားမိတယ်Where stories live. Discover now