အခန်း(၆)

Start from the beginning
                                    

____________________

∆ခိုင်ဖုန်းမြို့∆

လေးနှစ်အကြာမှပြန်လာရသောနန်းမြို့တော်သည် သူမအားနွေးထွေးစွာကြိုဆိုနေ၏။
နေရပ်ပြန်လာသောစစ်သည်တော်တို့အား
မိသားစုဝင်များနှင့်ပြည်သူပြည်သားတို့မှာ
လမ်းတလျှောက်ကြိတ်ကြိတ်တိုးကြိုဆိုချီးကျူးဂူဏ်ပြုကြလေသည်။
၎င်းတို့၏မျက်နှာ၌ အပြုံးပန်းကိုယ်စီဖြင့်၊
ထိုထဲ၌ မော့လီလည်းပါလေသည်။
ယိချူးက လူအုပ်ထဲမှမော့လီးအားမြင်သော်
လက်ပြ၍လှမ်းနှုတ်ဆက်လိုက်လေသည်။

"'မော့လီ..!"
" သခင်မလေး..!"

မော့လီမှာ သူမအား သခင်မလေးက
အရေးတယူလှမ်း၍နှုတ်ဆက်လာသဖြင့်
ဂုဏ်ယူဝံ့ကြွားစွာ ခုန်ဆွခုန်ဆွဖြစ်နေပေ၏။
ယိချူကား မကြီးမငယ်နှင့်ကလေးတစ်ယောက်လိုပျော်ရွှင်နေသော မော့လီအား
သဘောကျစွာရယ်မောလိုက်လေသည်။
အမှန်တကယ်ဆို ယိချူးမှာ နယ်စပ်၌
ထိုမျှကြာအောင်မနေပဲ မြို့တော်သို့ပြန်လာလည်းရသည်။
သို့ပေမယ့် သူမဖခင်၏အသက်အန္တရယ်အတွက် နယ်စပ်၌ပေကပ်နေခဲ့တာပင်။
လျောင်နှင့်စစ်ပွဲတွင် သူမမှာ သူမကြည့်ရှု့ထားသော မဟာစစ်သူကြီးဇာတ်ကားထဲကအတိုင်း စစ်ရေးနည်းဗျူဟာတွေထုတ်သုံးခဲ့သဖြင့် ချီတန်လူမျိုးတွေမှာ အကြိမ်ကြိမ်ဆုတ်ခွာခဲ့ရသလို ရန်ယိကွမ်း၏အသက်ကိုကယ်တင်နိုင်ခဲ့လေပြီ။
ဤသို့ကယ်တင်နိုင်အောင်လည်း ဒီလေးနှစ်တာကာလအတွင်း သူမကြိုးစားဟန့်တားခံရသည်မဟုတ်လော။
ရန်စစ်သည်တော်တို့မှာ မြို့တော်မှ ၎င်းတို့၏
တပ်ရင်း၌ လူစုခွဲလိုက်ကြလေသည်။
ရန်ယိကွမ်းနှင့် ရှန့်စွေ့တို့လိုစစ်သူကြီးတစ်ချို့မှာ မင်းကြီးအားလျှောက်တင်ရန် နန်းတွင်းသို့။
ဝေကွမ်း၊ ယိချူးနှင့်ရန်ယိကွမ်း၏ခယ်မ၊တူမတွေမှာ ရန်အိမ်တော်သို့တန်း၍ပြန်လာခဲ့ကြသည်။
ရန်ရုံမှာမူ ထိုက်ယန်မင်းသမီးကြီးနှင့်အစေခံတစ်ချို့မှလာရောက်ခေါ်ဆောင်သွားသဖြင့်
ရှန့်အိမ်တော်သို့ပြန်သွားလေသည်။

" မဟာစစ်သူကြီးစံအိမ် "
အိမ်ထဲလှမ်းဝင်လိုက်သည်နှင့် သူမတို့အားစောင့်ကြိုနေသော ဖွားတော်နှင့်မိသားစုဝင်
တွေကိုတွေ့လိုက်ရလေသည်။
မော့လီက ရန်အိမ်သို့ဘယ်အချိန်ကတည်းကရောက်နေသည်မသိ

" ဤကမ္ဘာ၏နှောင်ကြိုး "(Completed)Where stories live. Discover now