𝑩𝑩 2

567 70 22
                                    

Unicode.......

ငြိမ်သက်‌နေမိတိုင်း ထိုနေ့ကအကြောင်းဟာသူ့ခေါင်းထဲပေါ်လို့လာပြန်သည်၊ အခန်း‌ထောင့်စားပွဲခုံထပ်၌တင်ထားသည့်မုန့်ဗူးလေးကိုအကြည့်လိုက်မိတိုင်းလဲ ထပ်သွားသင့်လား..မသွားသင့်ဘူးလားဟု၍အတွေးတို့ဟာသူ့ကိုစိတ်ရူပ်ထွေးစေ၏။

"အားးးး....မသိတော့ဘူး...."

လက်တို့ဖြင့်ဦးခေါင်းထပ်ကုတ်ရမ်းလိုက်ရင်း အောက်ပိုင်း၌ခြုံထားသည့်စောင်တို့ကိုလဲဘေးသို့ဖယ်ရှားပြီးကာမှကြမ်းပြင်ထပ်သို့ခြေချလိုက်ရင်း ရေချိုးခန်းဆီသို့....။

သွားတိုက်ခြင်းကိုအစပြု၍ စင်ပေါ်၌တင်ထားသည့်မျက်နှာသစ်ဆေးဗူးထဲမှ ဆပ်ပြာအားလိုသလောက်လက်ထဲညှစ်ထည့်၍ လက်ဖဝါးထဲတွင်အမြုပ်များထွက်လို့လာအောင်၁၀စက္ကန့်အောင်ပွတ်ပေးပြီးကာမှထွက်လာသည့်အမြုပ်များကို ချောမွတ်လှသည့်မျက်နှာပြင်သို့ညှင်သာစွာမျက်နှာပြင်အနှံ့ပွတ်သပ်ပေးမိသည်၊ မျက်နှာသစ်ဆေးတို့ကိုဆေးချလိုက်တာနဲ့တစ်ပြိုင်နက် ဝင်းမွတ်ကြည်လင်သောမျက်နှာပိုင်ရှင်လေးဟာ။

"ဟူးး......"

မှန်ရှေ့မျက်နှာကိုင်းကာ ဘေစင်ပေါ်သို့လက်နှစ်ဖက်ထောက်၍ပင် သက်ပြင်းတစ်ချက်ချလိုက်မိသည်။

"မင်းလုပ်နိုင်တယ်ကင်မ်ထယ်ယောင်း...မင်းလုပ်နိုင်တယ်...."

ရေချိုးခန်းထဲကမှန်အားကျောပေး၍သာ ရေချိုးနေသည့်အမျိုးသား၏ကောက်ကြောင်းဟာမည်သို့မျှနိူင်းယှဥ်ပြရမလဲမသိလေအောင် သိပ့်ကိုလှပလွန်း၏။

<<<<<<<<

"ကျစ်!..ချီးပဲ...မနက်မိုးလင်းတယ်ဆိုမင်္ဂလာကိုမရှိဘူး ဆူညံနေတာပဲ."

မနေ့ညကရေချိန်ကြောင့်ကိုက်နေသည့်ခေါင်းဟာ ထိုဆူညံသံတို့ကြောင့် ပို၍ပင်ခေါင်းကိုက်လာရ၏၊...အလိုမကျပွင့်လို့လာသည့်မျက်လုံးတို့ဟာမှေးစင်းနေတာနဲ့အတူ ကျုံ့လို့ထားသည့်မျက်ခုံးတို့ကြောင့် နှာဖူးပြင်က အရေပြားတို့ပါတွန့်လို့နေရပြန်သည်။

ဒေါက်...ဒေါက်...ဒေါက်....

တံခါးဆီမှခေါက်သံကြောင့် ဆံပင်ထပ်၌ဖွနေသောလက်တို့ဟာရပ်တန့်လို့သွားပြီး အခန်းတံခါးဝသို့အကြည့်ရောက်မိသည်၊ ဒီအိမ်မှာသူ့ကိုထိုသို့ပင် အခန်းတံခါးလာခေါက်ကာနိူးမယ့်သူမရှိတာမို့ ထိုတံခါး‌ခေါက်သူဟာ ဘယ်သူဖြစ်နေမလဲဆိုတာဂျောင်ကုသိလိုက်တာကြောင့် ချက်ခြင်းဆိုသလိုအိပ်ယာပေါ်မှကျုံးလို့ထကာအခန်းတံခါးပြေးဖွင့်မိတော့ ထင်သည့်အတိုင်းပင်..။

𝐁𝐚𝐝 𝐁𝐨𝐲 Where stories live. Discover now