ဟာ...

ဖုန်းဖွင့်လိုက်တာနှင့်မြင်လိုက်ရသည့် သူမ၏ပြန်စာကြောင့်သူ့မှာထခုန်မိတော့သည်။

"တို့လေ ထူးသာကို စတွေ့တွေ့ချင်းတည်းက ခင်နေတာပါ တို့လည်း မင်းနဲ့ထပ်တူပါပဲ"

ထိုစာလေးကိုသာအခေါက်ခေါက်အခါခါဖတ်ရင်း သူ့မျက်နှာတပြင်လုံးမှိုရဟလိုပြုံးဖြီးလို့နေသည်။

သူ့မှာလက်သီးလက်မောင်းတန်‌းနေချိနါ ထက်မြတ်မှမျက်နှာသစ်ပြီးလို့ပြန်ဝင်လာရာသူ့ကိုတွေ့သွား၍ ခေါင်းကုပ်ကြည့်ကာ

"ကိုကြီးထူးသာ ဘာဖြစ်နေတာလဲ ရူးများရူးသွားတာလား"

"ဟုတ်တယ် ငါရူးသွားတာ အချစ်ရူး ရူးသွားတာ ဟဟ...."

ဟုဆိုကာ ထက်မြတ်ခေါင်းကိုပွတ်ကာ မြူးထူးစွာအခန်းပြင်ထွက်လို့သွားသည်။

အရင်တည်းကခပ်အေးအေးသာနေတက်သည့်ကိုကြီးဖိုးသာထူး၏ မမြင်ဖူးသော ပုံစံကို ကြည့်ကာ ထက်မြတ်မှာ အံ့ဩလို့နေတော့သည်။

ထို့နေ့မနက်က ထူးသာတစ်ယောက်အသံမှာကျောင်းဝန်းထဲစီစီညံလို့နေသည်။

သာမန်ထက်တက်ကြွနေသည့် သူ့အသွင်ကြောင့် ကျောင်းရှိလူများမှာလည်း သူ့ကိုအံ့ဩနေကြတော့သည်။

....

မသည်ကျောင်းပိတ်ရက်ရံဖန်ရံခါ၌ အန်တီမိုးနှင့်အတူ ကျောင်းကိုရောက်လာတက်သည်။

မိုးသက်ဝေအား ငုဝါခိုင်မိဘများမှ သူရနေဝန်းနှင့်ပတ်သက်၍ စိတ်ချထားသည်မို့ မိုးသက်ဝေခေါ်တိုင်း ကြည်ကြည်ဖြူဖြူထည့်ပေးတက်သည့် ငုဝါခိုင်၏မိဘများ။

ထိုအခါ ထူးသာနှင့် ငုဝါခိုင်မှာကျောင်းဖွင့်ရက်အပြင် ကျောင်းပိတ်ရက်များ၌ပါ တွေ့ခွင့်ရလို့နေသည်။

သို့သော် ထူးသာမှာတစ်နေကုန်အလုပ်ဆင်းရ၍ မနက်ပိုင်းခနတဖြုတ်သာ တွေ့ခွင့်ရရှာသည်။

ငုဝါခိုင်မှာ ကျောင်းပြန်တိုင်းထူးသာကိုသူမကားဖြင့် ပြန်ပို့ပေး၏။

ထိုသို့ဖြင့်တစ်ရက်ကျောင်းအပြန်တွင် ထူးသာမှ ငုဝါခိုင်အား ဒေါ်သင်းသင်းနှင့်တွေ့စေသည်။

ဆံမြိတ်ချ လှပါပေ့.....Where stories live. Discover now