[၁၈]|Unicode

3.4K 271 13
                                    

(AN:WARNING ပိစိလေး ပေးပါတယ်)



လုပ်စရာရှိတဲ့ ဝေယျာဝစ္စတွေကို ရုပ်တည်ကြီးနှင့် စကားတစ်ခွန်းတောင် မပြောဘဲ တလှုပ်လှုပ် လုပ်ကိုင်နေသည့် ကောင်လေးကို ရစ်ချက် ဘယ်ကဘယ်လို စကား စ , ရမလဲ တွေးမပေါက် ။

ဒီကို ရောက်ရောက်ချင်း နေ့က သူ ထိုကောင်လေးအပေါ် ဆက်ဆံ ပုံတွေက အနည်းငယ်များ ရင့်သီးသွားလေသလား မသိ ။ တကယ်တော့ ဒီကောင်လေး သူ့အပေါ်မှာ စိတ်ဝင်စားမှုရှိနေတာ ရစ်ချက်ပါကာ ရိပ်မိပါသည်။

စိတ်၀င်စားသည်ထက် ပိုတဲ့ခံစားချက်မျိုးတော့ မရှိနေစေချင် ။ သူက ကမ္ဘာပတ်နေမဲ့သူ ။ ယောက်ျားတစ်ယောက်ကို သူစိတ်မဝင်စားနိုင်တာမျိုးတော့ မဟုတ် ။ အမှန်တော့ ရစ်ချက်ပါကာ ဆိုတဲ့ သူကိုယ်တိုင်ကလည်း ယခင်ကတည်းက ယောကျ်ားလေးရော မိန်းကရော အပေါ်မှာ တိမ်းညွတ်မှု ရှိတဲ့သူမို့ ဒီကောင်လေး သူ့အပေါ် ဒီလိုခံစားရခြင်းကို ဘယ်လိုမှ မနေပါ။

ပေါ့ပေါ့ပါးပါး ပြသနာမရှိနိုင်မဲ့ Open Relationship မျိုးဆို သူ့အနေနဲ့လည်း ထိုကောင်လေးဟာ စိတ်၀င်စားစရာလေးမလို့အလွယ်တကူ လက်ခံပေးမိမှာဆိုပေမဲ့ အခုက ထိုသို့ မဟုတ် ။ တစ်ဖက်လူက ကိုယ့်အပေါ်မှာ နက်နက်ရှိုင်းရှိုင်း ခံစားနေရတာကိုမှ ကိုယ်က ခံစားချက်တူသလို လက်ခံလိုက်ရင် အတုအယောင်တွေကို ပေးသလိုသာ ဖြစ်လိမ့်မည်လေ ။

ကိုယ် တကယ်မပေးနိုင်ဘဲ ခဏဖြစ်ဖြစ် ငှားတာမျိုး သူမလုပ်ချင် ။ မျှော်လင့်ချက် ဆိုတဲ့အရာဟာ ဖြစ်မလာရင် ဘယ်လောက်ထိ နာကျင်ရမှန်း သူက အသိဆုံး မဟုတ်လား ။

ဒါပေမဲ့ ဘယ်လိုနေနေ .. ဘယ်လို တွေးတွေး ဒီကောင်လေး သူ့အပေါ် အရင်လို မဟုတ်ဘဲ
ယဥ်ကျေး ကျိုးနွံပြီး စကားနည်းနေတာက သူ့ကို နေရခက်စေသည်။

ထိုကောင်လေးဟာ ခန္ဓာကိုယ်ကြီး ကြည့်တော့ ကျားကိုးစီး စားမကုန်တဲ့ ခန္ဓာကိုယ်နဲ့ မိန်းမပျိုလေးတစ်ယောက်လို သူ့ကို စိတ်ကောက်နေတာ ရယ်ချင်စရာတော့ အကောင်းသား ။

" ငါ မေးစရာ ရှိလို့ ဒီနားခဏ လာဦး "

သူက ကုတင်ပေါ်မှာ ထိုင်နေရင်း
ထိုသို့ ပြောလိုက်တော့ အိပ်ခန်းတွင်း စာအုပ်စဥ်လေးကို သန့်ရှင်းရေးလုပ်နေတဲ့ ကောင်လေးဟာ လုပ်လက်စ အလုပ်တွေကို ရပ်ရင်း သူ့အနား ရောက်လာသည်။

အရေးအပိုင်မင်းအား အပိုင်ကြံခြင်းWhere stories live. Discover now