[၃]၊Unicode

8.9K 764 48
                                    

နေအခရာဟာ မိမိကိုပဲ ကြည့်နေတာပါဟု ပြောလာသော ကောင်လေးကြောင့်
ခတ္တမျှ ပြောစရာစကားမရှိအောင် ပျောက်ရှသွားရတော့သည် ။
ဒီကောင်လေးက ဘယ်တုန်းက ဒီလောက် ရဲတင်းသွားရတာလဲ။

ဇင်းမြစ်ကို သိပြီးသားဖြစ်ပေမဲ့ သူနဲ့စတွေ့ကတည်းက လက်ထပ်ပြီးတဲ့အထိ
မခုတ်တတ်တဲ့ကြောင်လေးလို ငြိမ်ကုပ်နေခဲ့တဲ့ ဒီနေ့တော့ တမူထူးဆန်းနေသလို သူခံစားရသည်။

သူ့အား အမြဲတမ်းနှုတ်ကျိုးနေအောင် ခေါ်ခဲ့သည့် " ကိုကိုကြီး " ဆိုသော နာမ်စားအစား ခုနက ခေါ်လိုက်တာ ဘာပါလိမ့် ။

ဦးဆိုပဲ ။

တစ်ခုခုတော့ မှားယွင်းနေပေမဲ့ ။ ဘာလဲဆိုတာ သူစိတ်မ၀င်စားသလို အဖြေရှာဖို့ အချိန်လည်းမပေးနိုင်။

ဒီကောင်လေးဟာ သူ့အတွက် ကလေးမွေးပေးဖို့ကလွဲရင် ဘာမှ အသုံးမ၀င် ။ ဒီအတွက်သာ မဟုတ်ရင် သူလည်း ဒီကောင်လေးကို လူမသိ သူမသိလက်ထပ်ပြီး အိမ်ပေါ်ခေါ်တင်ထားမှာ မဟုတ်ဘူး ။

သူ့မှာက ဘာပြသနာဖြစ်နေလဲ မသိ။
သူက မိန်းမတွေကို မနှစ်မြို့ ။ မိန်းမတွေနှင့်
လိင်မှုရေးရာလုပ်ဖို့ကြိုးစားကြည့်တိုင်း
သူဟန်မဆောင်နိုင်အောင် ထိုးအန်တော့၏။
ဒါဟာ ရွံလို့၊ မသတီလို့ မဟုတ်ပါဘဲ သည်အတိုင်း ကြောက်စိတ်တစ်ခုလိုမျိုးဖြစ်နေတာလားလဲ သူအသေအချာ အဖြေရှာမရသေး။

သေချာသည်က သူ၏ ရွှေချောင်းတော်ဟာ မိန်းမတွေရဲ့ အချင်းအရာထဲ လုံး၀ ထည့်လို့ မရတာပဲ ။ သူ့မှာ ကြောက်စိတ်ကြီးတစ်ခုလိုကို ဖြစ်နေခဲ့တာပင် ။

ဒါပေမဲ့ သူတို့ မျိုးဆက်ဟာ မင်းမျိုးတွေကနေ ဆင်းသက်လာတဲ့ အမျိုးအနွယ်တွေဖြစ်တာမလို့ မျိုးဆက် ပျက်လို့လည်းမဖြစ်။
သူ့ဖခင်ဟာ တစ်ဦးတည်းသော သားဖြစ်သလို သူကလည်း တစ်ဦးတည်းသောသားဖြစ်သည်မလို့ မျိုးဆက်ထိန်းသိမ်းဖို့က
သူ့တာ၀န်သာ ။

ဘုရားသခင်ကပဲ မကြည့်သာလို့ ဖန်ဆင်းပေးသည်လား ။ မျိုးရိုးမပျက်တောက်အောင် ဘိုးဘေးတွေက စွမ်းဆောင်ပေးသည်လား ။

ဆောင်ကြာမြိုင်တစ်ခုမှာ သူ
ကျေးညိုကို တွေ့ခဲ့ရသည်။ ကျေးညိုဆိုသည်က ကြေးကြီးပေးရသည် ပုံပြောသူ။

အရေးအပိုင်မင်းအား အပိုင်ကြံခြင်းWhere stories live. Discover now