[၄]၊Unicode

9.2K 734 55
                                    

အဖြစ်အပျက်တွေဟာ အိပ်မက်လိုမျိုး မပီမပြင်နှင့် ဝိုးတဝါးတားသာ ဖြစ်ပျက်နေ၏။

အိပ်မက်တွေလိုဆိုတာမျိုးမဟုတ်ပါဘဲ
ထိုအရာက တစ်ကယ်ကို အိပ်မက်ပဲများလေလား။ သို့ပေသိ အိပ်မက်မက်နေတဲ့သူဟာ အိပ်မက် မက်နေတာပါလို့ ကိုယ်တိုင်သိခြင်းဟာ ရှားသည်လေ ။

ထားပါတော့ .. ဘယ်လိုပဲဖြစ်ဖြစ် ညိုမြလွင်ဟာ ခေါင်းတွေ သေမလို ကိုက်လာပေမဲ့
ဒီအခြေအနေမှာလည်း လိုက်လျောညီထွေ နေတတ်ရမည်သာ။

သူက ဘာအဆောက်အဦးမှ မရှိပါဘဲဟင်းလင်းပြင်ကြီးဖြစ်နေသော
ဘေးပတ်၀န်းကျင်ကို ကြည့်လိုက်ပေမဲ့ အလင်းတွေ စူးကနဲ ပြန်နေသောကြောင့် မျက်လုံးကို အသေအချာ ဖွင့်၍ မရ၊ ချက်ချင်းပြန် ပိတ်လိုက်မိသည်။

ထို့နောက်မှ မျက်လုံးကို အနည်းငယ်မြင်ရ
ရုံသာ ဖွင့်ထားပြီး အန္တရာယ်ရှိ၊မရှိ စူးစမ်းနေမိတော့၏။
သူဟာ ၁၉ရာစုနှစ်မှာရှိတဲ့ အခြားလူရဲ့ခန္ဓာကိုယ်ထဲတောင် ဝိညာဥ်ကူးပြောင်းလာ
ခဲ့ပြီးပြီပဲ။ အခု လက်တွေ့ဖြစ်နေတဲ့အဖြစ်အပျက်တွေဟာလည်း အိပ်မက်မဟုတ်ဘဲ အမှန်တကယ်ဆိုတာမျိုး ဖြစ်နေနိုင်သည်သာ။

ညိုမြလွင်ဟာ ထိုသို့ထိုပုံ အတွေးတွေထဲ
ခြာခြာလည်နေရင်း ဟင်းလင်းပြင်ကြီးအလယ်ရပ်နေလျက်မှ ရုတ်ချည်းဆိုသလို စျေးတစ်ခု၏ လမ်းကြိုလမ်းခြားထဲသို့ ရောက်ရှိသွားတော့၏။

" လိုက်ကြ ၊ သူခိုးကို လိုက်စမ်း !
ငယ်ငယ်ရွယ်ရွယ်နဲ့ အကျင့်စာရိတ္တပျက်တဲ့
ကလေးသူခိုးပဲကွ ၊ တွေ့တာနဲ့ဖမ်းခဲ့
ကျွန်စျေးမှာ ရောင်းစားပစ်မယ် "

ညိုမြလွင်ဟာ ရုတ်ရုတ်သဲသဲဖြစ်နေတဲ့ အခြေအနေအကြောင့် လန့်သွားပြီး
လမ်းလယ်ခေါင်မှာ ငူငူကြီးရပ်နေမိ၏။

သူခိုးဖမ်းဖို့ ညာသံပေးရင်းပြေးလာကြတဲ့
လူတွေဟာ ဗမာတွေမဟုတ်။ သေချာကြည့်မှ မုဆိတ်ရှည်ရှည်ခပ်ထူထူတွေနှင့် ဘာသာခြားတွေပဲ။

အခုမှ စျေးတန်းကို ကြည့်မိလေတော့
သူက ထိုခေတ်အခါရဲ့ ကုလားတန်းထဲကို ရောက်နေတာပင် ။

" အာ့ .. "

သူ့ထံ အရှိန်နဲ့ပြေး၀င်လာတဲ့ ကလေးလေးကို ရှောင်မည်အပြု ကလေးငယ်လေးက
သူ့ခန္ဓာကိုယ်အား အလယ်တည့်တည့်မှ ဖောက်၀င်သွားတော့၏။

အရေးအပိုင်မင်းအား အပိုင်ကြံခြင်းDonde viven las historias. Descúbrelo ahora