အခန်း(၂)

Start from the beginning
                                    

ရန်ရုံ၏အံ့ဩထိတ်လန့်နေမှု့ကြောင့် အတူပါလာသော မင်းသမီးကြီးဆိုသူက
ဝင်ရောက်နှစ်သိမ့်လေသည်။

" သူ ဘာမှမမှတ်မိဘူးထင်တယ်
ဒါလည်းသူ့အတွက်ကောင်းပါတယ်
စိတ်မထိခိုက်ရတော့ဘူးပေါ့ "

[ LoL!  ရုပ်ရည်တင််မက နာမည်ပါတူနေတာလား
ဟားးးဟားးး မရယ်ရဘူးနော်
မြတ်စွာဘုရား..!
ငါ..ရှေးခေတ်ကိုဝိညာဉ်ကူးပြောင်းလာတာက
ငါ့အတိတ်ဘဝဖြစ်နေတာလား?
ဒါဖြင့် ဒီဝမ်းနည်းဖွယ်ကောင်းတံ့အိမ်မက်ဆိုးက
မဟုတ်မှ ဒီခန္တာကိုယ်ပိုင်ရှင်ရဲ့အကြောင်းလား?
ခဏ.! နေစမ်းပါဦး
ဟိုဘက်အနာဂတ်ကမ္ဘာက ငါကရောဘယ်လိုအခြေအနေရှိလဲမသိ?
‌သေပြီလား၊ မသေသေးဖူးလား၊ မသေမရှင်လား
ဖုန်းလှမ်းဆက်ပြီးမေးလို့ရရင်လည်းအကောင်းသား
ခုတော့ ဂွကျတာပဲ ]

" ကျ..ကျွန်မ ဘယ်ရောက်နေတာလဲဟင်?"

ယိချူးတစ်ယောက် ဤနှယ်ညှောင်နာနာအသံဖြင့်မေးလိုက်ရာ ထိုလှပသောအမျိုးသမီးက ပြုံးလျက်ဖြေလေသည်။

" ရှန့်အိမ်တော်
ထိုက်ယန်မင်းသမီးကြီးအိမ်တော်လေ "

[ ထိုက်ယန်မင်းသမီးကြီး.!
ဒါ..ဒါက လောင်လီလက်ရှိရိုက်ကူးနေတဲ့ဇာတ်ကားထဲက သူ့မယ်တော်နာမည်မလား
ဒါဖြင့် ဒါက တာ့စုန်ခေတ်လား
ကျောက်မျိုးနွယ်အုပ်ချုပ်နေတဲ့ တာ့စုန်ခေတ်ပေါ့
စောက်ကျိုးနည်း..!
ဘာကိစ္စငါက ဒီခေတ်ကိုရောက်လာရတာလဲ
ပြီးတော့လည်း တစ်မိသားစုလုံးသေဒဏ်ကျတရားခံတွေ
ဟိုဘက်ကမ္ဘာမှာ ကားတိုက်ခံရပြီး သေလားရှင်လားမသိရတဲ့အခြေအနေမှာ ဒီဘက်ကမ္ဘာကြ ရောဂါသည်တဲ့လား
အမလေးးးး မိုးနတ်မင်းရေ
ဘယ်မလဲ ဒီယန်ယိချူးအတွက် တရားမျှတမှု့။]

" ချူးချူး..ချူးအယ် !
ကလေး...ကလေး.."

ဤနှယ် စိုးရိမ်တကြီးခေါ်သံတို့ကို ထပ်မံ၍
ကြားလိုက်ရပြီးနောက် ယိချူး၏ကမ္ဘာသည် တတိယအကြိမ်မှောင်မိုက်သွားပြန်သည်။

_______________________

< သတိမေ့မျောနေသောယိချူး၏အိမ်မက်ထဲ၌မူ >

" ယန်ယိကွမ်း.!
စစ်သည်တစ်သောင်းရဲ့သေဆုံးမှု့အတွက် မင်းမှာတာဝန်ရှိတယ်
မင်းအပြစ်ကိုမင်းဝန်ခံလား "

&quot; ဤကမ္ဘာ၏နှောင်ကြိုး &quot;(Completed)Where stories live. Discover now