အပိုင်း (78)

Start from the beginning
                                    

သူငိုတော့ သူဘဲ ရင်ခွင်ထဲမှာ.....

Lord က အလုပ်လုပ်ရင်း ရင်ခွင်ထဲမှာ
ငိုနေတယ့် ကလေးတစ်ယောက် ကို ပိုက်ထား
ရသည်။

"အီး.....ဟီ......ဟင့်....အဟင့်...."

"သူတို့တွေနှိပ်...စက်.....တယ်....အဟင့်...."

Lord က တီရူးယူကာ ခွန်း နှာနီနီလေးသို့...

"ညှစ်လိုက်..." 🤧🤧

"ဟအ့......ဟွမ်း....."

နှာလေးညှစ်ပေးသည်။

တီရူးနဲ့ နှာရည်တွေညှစ်ပေးထားတာကို သူမက နှာခေါင်းလေးကို Lord အင်္ကျီ သုတ်သည်။

Lord တစ်ယောက် သက်ပြင်းချလိုက်ကာ တီရူးတွေအများကြီးယူကာ မျက်ရည်တွေသုတ်ပေးနေသည်။

အော်... တစ်နေ့ သူ့ဘေးမှာ ရင်ဘောင်တန်းရပ်မယ့်
မိန်းကလေး က အခု ရင်ခွင်ထဲ လာငိုနေပါလား...

"ကိုယ့်အချစ်ကို ငိုအောင်....ဘယ်သူလုပ်တာလဲ "

ခွန်း က Lord ရင်ဘက်ကို ထုကာ..
"Lord လုပ်တာ...Lord လုပ်တာ"

"ကိုယ် ဘာလုပ်မိလို့လဲ "

"Lord လေ....အီး....ဟီး.....အဟင့်...ဟင့်"

ဘယ်လို ပြောရမှာလဲ....Lord က သူမကို အရမ်းချစ်မြတ်နိုးလို့ Goddess ဘွဲ့ပေးထားတာ........

ပြောလေငိုလေ...မျက်ရည်တွေ ထပ်သုတ်ပေးသည်။

"Lord လွှတ်ပေးတယ့်...ဆရာတွေပေါ့...."

ခွန်း က သူ့ခြေထောက်လေးကို အပေါ်မြှောက်ကာ.

"တွေ့လား....နာတယ်...."

ခြေဖိနောက် နဲ့ ခြေသန်းလေးဘေးတွေ
ခြေချောင်းထိပ်လေးတွေမှာ....နီရဲရဲ ဖိနပ်ပေါက်ရာများ..

Lord က ခွန်း ကို ချီလိုက်ကာ ဆိုဖာခုံရှည်မှာ
ချပေးကာ သူ့အခန်းထဲမှ ဆေးသေတ္တာကို
ယူလာသည်။

အရက်ပြန်ထည့်ပေးသည်။

"အား....စပ်တယ်.... "

"တဂယ်တော့...ဆရာတွေ....အဒေါ်ထိပ်ထား...
ခေါ်ပေးတာ...ကိုယ် ရွေးထားတာမဟုတ်ဘူး"

ချက်ချင်း အငိုတိတ်သွားသည့် ခွန်း...

Lord က ဆေးထည့်ပေးကာ သူကိုယ်တိုင်
အနာလေးကိုမှုတ်ပေးကာ သေချာလုပ်ပေးသည်။

အရှင့်ရဲ့အသုံးတော်ခံ (OR) Lord ရဲ့ သတို့သမီး 🔞Where stories live. Discover now