အခန်းတွေလဲပြီးနောက် ကျိုးလိုင်အာသည်အမှန်တကယ်အားနည်းသွားခဲ့ပုံရပြီး တစ်ချိန်လုံးလှဲလျောင်းနေခဲ့သည်။ ဒါပေမဲ့ သူမလုပ်ခဲ့တဲ့အပြုအမူတွေကြောင့် ဘယ်သူကမှသူမအဆင်ပြေရဲ့လားလို့ အပင်ပန်းခံမမေးမြန်းခဲ့ကြပေ။

ချန်းရွှယ်ကတော့ သူမလည်းငိုယိုလျက်နောက်တစ်ခန်းထဲမှာလှဲလျောင်းနေသည်။ ပညာတတ်လူငယ်များနေရာကလေထုသည် သိပ်မကောင်းလှပေ။ ဖြစ်စဉ်ကိုကြားလိုက်ရတော့ လုရှသက်ပြင်းချလိုက်သည်။ မင်္ဂလာပွဲတစ်ခုကဒီလောက်ပြဿနာတွေဖြစ်စေမယ်လို့ ဘယ်သူကထင်မိမှာလဲ?

ကျိုးလိုင်အာသည်ပညာတတ်လူငယ်များနေရာမှာ ရေပန်းစားမှုအားလုံးဆုံးရှုံးသွားခဲ့ပုံရသည်။ ဘာပဲဖြစ်ဖြစ် လူတိုင်းကသူမရဲ့အကြံအစည်တွေကို ထွင်းဖောက်မြင်နိုင်ကြပါသည်။

ဒါပေမဲ့ သူတို့မြင်နိုင်ရင်တောင် ဘယ်သူကမှရွာသားတွေကိုပြောပြမည်မဟုတ်ပေ။ နောက်ဆုံးမှာတော့ ကျိုးလိုင်အာကဘယ်လောက်ပဲဆိုးရွားနေပါစေ သူမကပညာတတ်လူငယ်တွေကို ကိုယ်စားပြုနေတုန်းပင်။ ရွာသားတွေရဲ့မျက်လုံးထဲမှာ သူတို့ကအုပ်စုတစ်ခုတည်းဖြစ်သည်။

ပညာတတ်လူငယ်တွေဘယ်လောက်အကောက်ကြံတတ်ကြောင်း သူများတွေသာသိသွားမယ်ဆိုရင် သူတို့အပေါ်ရွာသားတွေရဲ့ထင်မြင်ချက်က ပို၍ပင်ဆိုးရွားသွားနိုင်ပေသည်။ ထို့ကြောင့် သူတို့ကဒီအကြောင်းမသိချင်ယောင်ဆောင်ထားကြရသည်။

ချန်းရွှယ်လည်းဒါကိုသဘောပေါက်တာဖြစ်နိုင်ပြီး ဒါကြောင့်ပဲသူမအသည်းတွေကွဲကြေရပေမဲ့ ပြဿနာဆက်မရှာနိုင်ခဲ့တာပါပဲ။ ဘာပဲဖြစ်ဖြစ် အခုချိန်မှာသူမကနစ်နာသူတစ်ယောက်ဖြစ်ပြီး သူမသာဆက်ပြဿနာရှာမယ်ဆိုပါက လူ‌တိုင်းကသူမကိုမကျေမနပ်ဖြစ်သွားကြပြီး ရရှိမှာကဆုံးရှုံးမှာနဲ့မတန်ဖြစ်သွားပေလိမ့်မည်။

သူမနဲ့ဟူကျန့်ကျွင်းတို့ကအတူရှိဖို့ရေစက်မပါခဲ့ဟုပဲ ဆိုနိုင်သည်။

လုရှသက်ပြင်းချလိုက်မိပေမဲ့ သူများတွေရဲ့ကိစ္စကသူမနဲ့ဘာမှမဆိုင်ပါချေ။ ညဖက်အိပ်ရာဝင်ချိန်မှာပင် လူတိုင်းသည်ကျိုးလိုင်အာကိုလျစ်လျူရှူထားခဲ့ကြလေသည်။ သူတို့တွေအံ့အားသင့်သွားကြရသည်မှာ ကျိုးလိုင်အာနဲ့ဟူကျန့်ကျွင်းတို့သည် နောက်ရက်တွင်လက်ထပ်မှတ်ပုံတင်ယူခဲ့ကြပြီး မင်္ဂလာပွဲလေးပင်မကျင်းပခဲ့ကြပေ။ သူတို့ကကျင်းပပေးဖို့ရည်ရွယ်ချက်မရှိဘူးလို့ဆိုကြသည်။

အဆုံးမရှိတန်ခိုးထွားလှပါသောအမြောက်စာခင်ပွန်းသည်Where stories live. Discover now