မျက်ခုံးတစ်ဖက်ပင့်လိုက်၍ လုရှခေါင်းခါလိုက်သည်။
" မလိုပါဘူး ဘန်းမုန့်လေးတစ်ခုပဲလေ ဒါနဲ့ ဒီနေ့ကျွန်မရှင်ပေးခဲ့တဲ့ အစားအသောက်လက်မှတ်တွေမသုံးခဲ့ဘူး နောက်တစ်ခါဆို ကျွန်မတို့များများဝယ်စားလို့ရတယ်"

ကျန်းကျွင်းမော့ခေါင်းညိတ်လိုက်သည်။
" မင်းသဘောပါပဲ"
ထို့နောက် စွပ်ပြုတ်ကလုံလောက်အောင်အေးသွားပြီဆို‌တာမြင်လိုက်ရတော့ စတင်သောက်လိုက်သည်။

စွပ်ပြုတ်နံ့မွှေးမွှေးလေးကိုရှူရင်း လုရှလည်းဗိုက်ဆာလာတာကြောင့် သူမပန်းကန်ထဲမှတစ်ငုံသောက်လိုက်သည်။ အာ အရသာကအရမ်းကောင်းမှကောင်းပဲ! အသားရဲ့အရသာလေး။

အိုးထဲမှာစွပ်ပြုတ်တစ်စက်မှမကျန်တော့တဲ့အထိ နှစ်ယောက်သားတိတ်ဆိတ်စွာစားသောက်လိုက်ကြပေမဲ့ အနည်းငယ်စိတ်မကျေနပ်ကြသေးပေ။

လုရှသည်စိတ်ပျက်မှုကို ထုတ်ဖော်လိုက်သည်။
" ဒီအိုးကသေးလွန်းနေသေးတယ် ကျွန်မတို့မှာသံအိုးတစ်လုံးဖြစ်ဖြစ် ပိုကြီးတဲ့ဒန်အိုးတစ်လုံးဖြစ်ဖြစ်ရှိရင် ပိုကောင်းမယ် ဒါဆို အနာဂတ်မှာကျွန်မတို့အမျိုးအစားအများကြီးလုပ်စားလို့ရတယ်"

သူမစကားကြားလိုက်ရတော့ ကျန်းကျွင်းမော့မျက်လုံးတွေတောက်ပသွားသည်။
" မင်းဘယ်လိုအိုးမျိုးလိုတာလဲ? ကျွန်တော်ပြင်ဆင်ပေးနိုင်ပါတယ်"

လုရှ မျက်ခုံးပင့်ကာမေးလိုက်သည်။
" ရှင့်မှာစက်မှုလက်မှတ်တွေရှ်ိလို့လား? အိုးတစ်လုံးဝယ်တာက စက်မှုလက်မှတ်ပမာဏများများလိုတယ်"

တုံ့ဆိုင်းခြင်းမရှိပဲ ကျန်းကျွင်းမော့ပြန်ဖြေလိုက်သည်။
" ကျွန်တော့်မိသားစုကိုပို့ခိုင်းလို့ရတယ်"

သူ့ရဲ့အဖြေစကားကိုကြားလိုက်ရတော့ လုရှစိတ်ဝင်စားလာသည်။
" ကောင်းပြီလေ အဲဒီလိုရမယ်ဆိုရင် ရှင်ကစက်မှုလက်မှတ်တွေစိုက်ပေါ့ ကျွန်မကငွေစိုက်မယ် အိုးကြီးကြီးတစ်လုံးဝယ်ကြရအောင် ဒါဆို ကျွန်မတို့နောက်ဆိုပိုကောင်းတဲ့ဟင်းပွဲတွေအမျိုးမျိုးချက်စားလို့ရပြီ"

" ကောင်းပြီ!"

စားသောက်ပြီးစီးသွားပြီးနောက် နှစ်ယောက်သားသည်အစားသောက်အနံ့တွေပြယ်သွားအောင် ခဏတဖြုတ်ထိုင်နေကြပြီးမှ ပြန်ဖို့ပြင်လိုက်ကြသည်။

အဆုံးမရှိတန်ခိုးထွားလှပါသောအမြောက်စာခင်ပွန်းသည်Where stories live. Discover now