"မိကြိုင် နင့်မျက်နှာနီနေတယ် နေမကောင်းဘူးလား"

ထူးသာမှာပြောပြောဆိုဆိုပင် သူမနဖူးကိုလက်ပြန်ဖြင့်စမ်းသပ်လိုက်ချိန် မေသင်းကြိုင်မှ မျက်လွှာချ၍ ခေါင်းကိုသာခါပြသည်

"နေကောင်းတယ်ဆိုလည်း ပြီးတာပဲ ရော့ နင်ကြိုက်တာရွေ့ကြည့်ထား ငါစာသွားလုပ်လိုက်အုဲးမယ် "

ဟုဆို၍  သံဇကာနား သွားကာ စာသွားလုပ်နေ၏။

သူမကတော့ လက်ထဲသူထည့်ပေးထားသည့် ဖုန်းလေးကိုင်ကာ အောင့်ထားသည့်အသက်ကိုအလုအယက်ရှုနေတော့သည်။

တစ်နာရီနီးပါးစာလုပ်ပြီးချိန် ထူးသာမှ စာအုပ်များသိမ်း၍ အမေသင်းနားသွားကာ

"အမေသင်း ကျွန်တော် ပြန်တော့မှာမို့ ကန်တော့မယ်နော်"

ထို အခါ ဒေါ်သင်းသင်းမှ မျက်လုံးများဖွင့်လာကာ သူ့ကို ကြည့်လျက် ခေါင်းညိတ်ပြသည်

သူ ကန်တော့နေချိန် အမေသင်းမှ မျက်ရည်များဝဲလျက် ရွဲ့နေသည့်ပါးစပ်ကိုအသံပြုကာ ဝူးဝူး၏ဝါးဝါးဖြင့် မပီမသဆုတောင်းပေးရာ သူပြုံး၍ ခံယူလိုက်သည်

အမေသင်းကိုကန်တော့ပြီး မိကြိုင်ရှေ့ထိုင်ကာ

"ဖုန်းပေးတော့ မနက်ဖြန်မှ မြို့ထဲ ပုံဆွဲစာအုပ်နဲ ရောင်စုံထပ်ဝယ်လာပေးမယ် နင်ကြည့်ပြီးလိုက်ဆွဲကြည့်ပေါ့"

သူပြောတော့ မိကြိုင်ကခေါင်းညိတ်ပြကာ သူ့လက်ထဲဖုန်းပြန်ထည့်ပေးသည်။

ထိုချိန် သူကတစ်စုံတစ်ခုကိုသတိရကာ မျက်နှာမှအလိုလိုပြုံးသွားပြီးညအမေသင်းကိုတစ်ချက်လှည့်ကြည့်လိုက်သည်

အမေသင်းမှမျက်လုံးများမှိတ်ထားသည်မို့ မိကြိုင်နားကပ်ကာ

ဖုန်းအား မိကြိုင်မျက်နှာရှေ့ထိုးပေးကာ လေသံခပ်တိုးတိုးဖြင့်

"မိကြိုင် ဒီမှာတွေ့လား ဒီမိန်းကလေးလှတယ်မလား"

သူမ မြင်နေရသည့် ဘုရားရှိခိုးနေသော မိန်းကလေးတစ်ဦး၏ ဘေးတစ်စောင်းပုံကိုကြည့်ကာ
ထူးသာအား နားမလည်သလိုပြန်ကြည့်မိသည်။

ဆံမြိတ်ချ လှပါပေ့.....Where stories live. Discover now