"မိကြိုင် ဒီမှာကြည့်စမ်း "

သူက မေသင်းကြိုင်မျက်နှာရှေ့ သူ့ရဲ့ ဖုန်းသစ်လေးကိုထုတ်၍ပြုံးရွှင်နေသော မျက်နှာဖြင့်ကြွားသည်။

"ငါ့ကို အန်တီမိုးဝယ်ပေးတာ မိုက်လား"

မိကြိုင်က သူ့လက်ထဲမှ ခဲရောင်ပြေးနေသည့်ဖုန်းလေးကိုကြည့်ကာ မရယ်မပြုံးဖြင့်ခေါင်းညိတ်ပြ၍ သူ မကျေမနပ်ဖြစ်သွားရသည်။

"နင်ကလဲ ဘာခေါင်းညိတ်တာလဲ မိုက်ရင် မိုက်တယ်ပေါ့ ဒီမှာကြည့်ကြည့် ဗီဒီယိုတွေလည်းကြည်နေတာပဲ ရွေ့‌လိုက်ရင်လည်းပေါ့ပါးနေရော ငါ Facebook ဖွင့်ထားတယ် ဒီမှာ ပန်းချီဆွဲတဲ့ဟာတွေကြည့်ပြီးလိုက်ဆွဲလို့ရတယ် ငါစာလာကျက်တဲ့အချိန် ယူကျု့ကဖြစ်ဖြစ် ဖေ့ဘွတ်ခ် ကဖြစ်ဖြစ် ကြည့်ဆွဲကြည့်ပေါ့"

ထူးသာမှာ နုတ်ကနေ တတွတ်တွတ်ပြောကာ မေသင်းကြိုင်ဘေးရွေ့ထိုင်၍ ဖုန်းကိုဖွင့်၍ ပြလေသည်။

မေသင်းကြိုင်မှာ သူ သူမဘေးရွေ့ထိုင်ချိန် ရင်ထဲနွေးသလိုအေးသလိုဖြင့် တစ်မျိုးကြီးခံစားရကာလက်ဖျားခြေဖျားလေးတွေအေးလို့လာ၏။

သူဆီမှ ရလာသည့် ရေချိုးပြီးစ ဆပ်ပြာနံ့သင်းသင်းလေးကြောင့် စိတ်အေးချမ်းစေသလိုပင်။

ဆံပင်ထိပ်ဖျားတွင် ရေအနည်းငယ်စိုကာ မျက်နှာရှေ့သို့တစ်စွန်းတစ်စကျနေကာ မျက်ခုံးထူထူအောက်မှ မျက်ဝန်းတစ်စုံမှာဖုန်းကိုသာ အာရုံစိုက်ကြည့်လို့နေကာ
ခပ်ချောချောသူ့မျက်နှာကိုအနီးကပ်ကြည့်လိုက်မိစဉ် သူမမျက်နှာလေးပူလာကာ ရင်ခုန်သံမြန်လာ၍ သူမနှလုံးခုန်သံကိုသူမပြန်ကြားနေရတာမို့ ရှက်စိတ်ဝင်မိကာ အသက်ကိုအောင့်ထားမိသည်။

"ဒီမှာတွေ့လား ဒီစော်ဆို လှေကားပေါ်တက်ပြီး ဆေးရည်ပုံတွေနဲ့ပိတ်ကာကြီးပေါ်ပတ်တာ ကြည့်တဲ့လူအများကြီးပဲ မိုက်တယ်ဟ"

ထူးသာ ဘေးမှငြိမ်နေသည့် မိကြိုင်အား ပြော၍ ကြည့်လိုက်ချိန် ပြူးကြောင်ကြောင်နှင့် မျက်တောင်များပုတ်ခတ်ပုတ်ခတ်ဖြင့် သူ့ကိုကြည့်နေသော မိကြိုင်မှာ မျက်နှာနီနေသလိုပင်။

ဆံမြိတ်ချ လှပါပေ့.....Where stories live. Discover now