ဒီလိုအကျိုးအကြောင်းမျိုးက အကြံပက်စက်လွန်းတာပဲ!

လူတိုင်းကတကယ်ပဲဒီလိုတွေးလိုက်ရင် တခြားသူတွေကိုထိခိုက်နာကျင်စေဖို့ကလွယ်ကူလွန်သွားပေလိမ့်မည်။

အပြေးအလွှားရောက်လာခဲ့တဲ့ရွာလူကြီးပင် ထိုစကားတွေကိုကြားလိုက်ပြီးအတွေးနက်သွားသည်။ သူသည်ဆုံးဖြတ်ချက်ချပြီးနောက် မှန်ကန်တဲ့အတွေးအခေါ်ကိုရွာသားများကို သင့်လျော်ကောင်းမွန်စွာပေးသိဖို့လိုပြီး ထိုကဲ့သို့ယုတ်မာကောက်ကျစ်တဲ့အကြံအစည်တွေကို ဟန့်တားဖို့ဆုံးဖြတ်လိုက်သည်။

ထိုအခိုက်တွင် လုရှသည်အမေဟူရဲ့စကားတွေကိုကြားလိုက်ရတဲ့အခါ မရယ်မိပဲမနေနိုင်ပေ။ အမေဟူမှာအတော်လေးထူးခြားတဲ့ရှုထောင့်အမြင်ရှိပြီး သူမပြောသွားတာကယုတ္တိတန်တယ်လို့ ခံစားလိုက်ရသည်။ ဒါပေမဲ့ ဒီစကားတွေကယုတ္တိရှိတယ်ဆိုရင်တောင် ဟူကျန့်ကျွင်း ကျိုးလိုင်အာကိုလက်ထပ်မှာက ဆုံးဖြတ်ပြီးသွားတဲ့ကိစ္စဖြစ်ပုံရသည်။

နောက်ဆုံးမှာတော့ သူကစစ်သားတစ်ယောက်ဖြစ်ပြီး ခိုင်ခိုင်မာမာစိတ်ပိုင်းဖြတ်မှုဖြင့်ပြောဆိုခဲ့သည်ပင်။

လုရှ သက်ပြင်းရှိုက်လိုက်သည်။ ထင်မှတ်မထားမိပဲ ကျိုးလိုင်အာသည်သူမရဲ့အရာအားလုံးကိုစွန့်စားဖို့ အမှန်တကယ်ဆန္ဒရှိခဲ့ပြီး တကယ်ဖြစ်အောင်လုပ်နိုင်ခဲ့သည်။

ဒီလိုအပြုမူမျိုးနဲ့ရရှိလိုက်တဲ့အိမ်ထောင်ရေးက ပျော်ရွှင်မှုတွေဆောင်ကြဥ်းပေးလာနိုင်ပါ့မလားဆိုတာ သူမသိချင်မိသည်။ ဘာပဲဖြစ်ဖြစ် ကျိုးလိုင်အာရဲ့ယောက္ခမကသူမကိုသဘောကျပုံမရပေ။

လက်ရှိမှာ ကျိုးလိုင်အာလည်းဒေါသတကြီးဖြစ်သွားသည်။ အမေဟူဒီလိုစကားတွေပြောမယ်လို့ သူမမမျှော်လင့်ထားခဲ့ပေမယ့် ကံကောင်းစွာနဲ့ ဘယ်အရာကိုမှပြောင်းလဲပစ်လို့မရတော့ပေ။ အချိန်ကျလာတဲ့အခါ သူမကဟူကျန့်ကျွင်းစစ်တပ်ထဲမှာ တာဝန်ထမ်းဆောင်တဲ့နောက်လိုက်သွားလို့ရပြီး အမေဟူကိုတွေ့စရာလိုတော့မည်မဟုတ်ပေ။ သူမစိတ်အေးလက်အေးဖြစ်သွားသည်။

အဆုံးမရှိတန်ခိုးထွားလှပါသောအမြောက်စာခင်ပွန်းသည်Where stories live. Discover now