"သားမေ့သွားတယ်"
ချိုးယိ သူ့ခေါင်းလေးကို သပ်ပေးလိုက်ပြီး စကားတော့ မဆိုပေ။
"ဒါဆို ကိုကို မနက်ဖြန် ဂိုက်သွားသင်အုံးမှာလား"
ချိုးယန့် လှည့်လာပြီး မေးသည်။
"သွားရမှာ"
ချိုးယိ နှာခေါင်းကို ပွတ်လိုက်ပြီး -
"ပြောထားပြီးပြီဆိုတော့ အချိန်ပြောင်းလို့ မကောင်းဘူး"
"ကိုကို အအေးမိနေတာလေ ကျောင်းသားကို ကူးသွားရင် ဘယ်လိုလုပ်မလဲ"
ချိုးယန့်က မျက်မှောင်ကြုတ်လျက် ဆိုသည်။
"အဲဒီလောက်လွယ်လွယ်နဲ့ ဘယ်လိုလုပ် ကူးပါ့မလဲ"
ချိုးယိ ပြုံးလိုက်ပြီး -
"သူနဲ့ ခပ်ခွာခွာနေလိုက်ရင် ရပြီ။ မင်း ဒီလောက်ရက်အကြာကြီး အအေးမိတာလဲ ငါ့ကို မကူးဘူးလေ"
"ဟုတ်"
ချိုးယန့်တစ်ယောက် စိတ်မကောင်းဖြစ်သွားပုံရပြီး လက်က ဇွန်းကိုင်လျက် အိုးကိုသာ ငုံ့မွှေနေပြီး စကားထပ်မပြောလာတော့ချေ။
ချိုးယန့် အနည်းငယ် စိတ်ပျက်လက်ပျက်ဖြစ်သွားတာကို ချိုးယိ သိပါသည်။ အကယ်၍ သူသာ ဒီပိတ်ရက်မှာ ခွင့်ယူလိုက်ပြီး ဂိုက်သွားမသင်လျှင် အိမ်မှာ သူ့ကို အဖော်လုပ်ပေး၍ ရပြီဖြစ်၏။
မည်သို့ဆိုစေ၊ ဂိုက်သွားသင်နိုင်လျှင် သွားသင်ရမည်၊ စားသောက်ဆိုင်ကအလုပ်ကိုလည်း သွားနိုင်လျှင် သွားကို သွားရမည်။ ချိုးယိသည် နေမကောင်းဖြစ်၍ အလုပ်ကို နှောင့်နှေးစေတာမျိုး တစ်ခါမှတောင် မရှိခဲ့ဖူးသလောက်ပင်။ အထူးသဖြင့် သိပ်မကြာခင်မှာ နှစ်သစ်ကူးတော့မည်။ နှစ်သစ်ကူးပြီးလျှင် ငွေ တစ်စိတ်တစ်ပိုင်း ပြန်ဆပ်ဖို့ ဦးကြီးကို သူ သဘောတူထားခဲ့ပြီးပြီ။
ပိုက်ဆံ ပြန်ဆပ်လိုက်ပြီးလျှင် စုဆောင်းထားသောငွေက မရှိတော့သလောက်ပင်။ အနည်းဆုံးတော့ နေ့စဥ်အိမ်အသုံးစရိတ်တွေ ရှာရမည်။ ထို့ပြင် သောင်းပြောင်းထွေလာ ကုန်ကျစရိတ်မျိုးစုံ ရှိသေးသည်။ နှစ်သစ်ကူးလျှင် ငွေသုံးရမည်။ ကျောင်းဖွင့်လျှင် ချိုးယန့်၏ကျောင်းစရိတ်နှင့်အတူ အဖေ၏ဆေးကုသစရိတ် ......
CZYTASZ
《Wolf pair》- ဘာသာပြန်
Dla nastolatkówLang Xing Cheng Shuang (မြန်မာဘာသာပြန်) မူရင်းစာရေးသူ - ဝူးကျယ် Wu Zhe
Chapter - 69
Zacznij od początku