Chapter - 46

335 62 6
                                    

Chapter ● 46 ●

ဖုန်းကို အိတ်ထဲ ပြန်ထည့်လိုက်ပြီးနောက် ပျန်းနမ်သည် လှေကားထစ်ပေါ်မှာ နောက်ထပ် တစ်ခဏလောက် ထပ်ငိုင်နေပြီးတော့မှ ဝမ့်ဖေးကို တစ်ချက် လှည့်ကြည့်လိုက်သည်။

ဝမ့်ဖေးကတော့ ရွှီရွေနဲ့ ဖုန်းပြောနေဟန်တူသည်။ ရယ်နေလိုက်တာများ ဆံပင်နဲ့နဖူးထိစပ်နေတဲ့နေရာတောင် ကွေးကောက်တော့မတတ်ပင်။

သူ ဖုန်းဆက်လို့ပြီးသွားတာကို မြင်တော့ ဝမ့်ဖေးလည်း ဖုန်းအမြန်ချလိုက်ပြီး ပြေးလာကာ -

"အခြေအနေ ဘယ်လိုလဲ"

"ချိုးယိက မနက်ဖြန်ကျရင် ငါ့ဆီ လက်ဆောင်ယူလာပေးမယ်တဲ့"

ပျန်းနမ် အိတ်ကို ကောက်ယူပြီး ပခုံးပေါ် လွှဲတင်လိုက်ကာ -

"သွားရအောင်။ တစ်ခုခုသွားစားမယ်"

"သူက မင်းကို လက်ဆောင်တောင် ပေးဦးမယ်တဲ့လား"

ဝမ့်ဖေးမှာ အနည်းငယ်အံ့အားသင့်နေကာ -

"မင်းတို့နှစ်ယောက်က အချင်းချင်း ခေါင်းညိတ်ပြတဲ့ဆက်ဆံရေးတောင် ဆက်မထိန်းနိုင်လောက်တော့တဲ့ဟာကို ......"

"ပြီးခဲ့တဲ့လ သူ့မွေးနေ့တုန်းက ငါ သူ့ဆီက တောင်းထားလို့"

ပျန်းနမ်၏အသံက ဗလုံးဗထွေးဖြစ်နေသည်။ ဝမ့်ဖေးပြောလိုက်သော "အချင်းချင်း ခေါင်းညိတ်ပြတဲ့ဆက်ဆံရေး" ဆိုတဲ့စကားကြောင့် ဟိုရက်တုန်းက စားသောက်ဆိုင်မှာ ဆုံကြတော့ ချိုးယိ၏ စိတ်မပါလှသော "ပြန်ပြီလား" ဆိုသောစကားကို ရုတ်တရက် သတိရမိသွားကာ စိတ်ထဲ ထိုင်းမှိုင်းသွားပြီး -

"ဟေ့ကောင် မင်း အခုတလော လေးလုံးတွဲဥပစာ စကားတွေကို သိပ်ပိုင်နိုင်ကျွမ်းကျင်နေတယ် ဟုတ်လား။ လက်သီးစာ မိချင်နေတဲ့အဆင့်လောက် ရောက်နေပြီ"

"မင်း သူ့ဆီက လက်ဆောင်တောင် တောင်းထားသေးတယ်ပေါ့ ဟုတ်လား"

ဝမ့်ဖေးက တဟေးဟေးနဲ့ ရယ်လိုက်သည်။

"အင်း။ ဒီတိုင်း ကြုံလို့ ပါးစပ်တည့်ရာ ပြောလိုက်တာ"

ပျန်းနမ် မြေကြီးကို ငုံ့ကြည့်နေရင်း ထိုရက်က မွေးနေ့လက်ဆောင် ပေးဖို့ လွှတ်ခနဲ ပြောခဲ့မိတာကို ရုတ်တရက် အနည်းငယ် ဝမ်းသာသွားလေသည်။

《Wolf pair》- ဘာသာပြန်Wo Geschichten leben. Entdecke jetzt